ရန်ကုန်၊ မေ ၁၃- ဘုရင့်နောင်ပဲဈေးကွက် အတွင်းတွင် ဖြစ်ပေါ် ခဲ့သောငွေ ကြေးအရှုပ်အရှင်းများအား လာမည့် ရက်သတ္တပတ်အတွင်း အားလုံးဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲ၊ နှမ်း လုပ်ငန်းရှင်များအသင်းမှ သိရ သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဘုရင့်နောင်ပဲဈေးကွက် အတွင်း ပေး လျော်ရန်ဖြစ်ပေါ် ခဲ့သောငွေကြေးများ အတွက် လုပ်ငန်းရှင်များကိုပေးလျော် သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပဲ၊ နှမ်းလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ''တာဝန်ရှိတဲ့ကုမ္ပဏီကလူတွေကိုတွေ့ ဆုံဆွေးနွေးခဲ့တယ်။ စာရင်းတွေ ကို သေချာသိရတဲ့အတွက် ပြည်ပကုမ္ပဏီ တွေကိုလဲ လာမယ့်ပတ်မှစပြီး သူ တို့ရရှိမယ့်ပဲအတိုင်း တင်ပို့ပေးသွား ပြီး ပြည်တွင်းကကုမ္ပဏီတွေကိုလဲ ရ စရာရှိတာတွေကို ပေးသွားမှာပါ''ဟု ပြောသည်။
မေ ၉ရက်တွင် ကော်မတီတာ ဝန်ရှိသူများမှ လုပ်ငန်းရှင်များကိုခေါ် ယူတွေ့ ဆုံဆွေးနွေးခဲ့ကြပြီး၊ ကုမ္ပဏီ အားလုံးသည် ၎င်းတို့ရရှိမည့်ငွေပမာ ဏ၏ ၉၁ရာခိုင်နှုန်းသာပြန်ရရှိမည် ဖြစ်ပြီး၊ ကုမ္ပဏီအားလုံးမှ သဘောတူ ညီလိုက်သောကြောင့် လာမည့်အပတ် မှစတင်ကာပေးရန် ရရန်ရှိသူများ ကို ပေးဆောင်သွားမည်ဖြစ်ကြောင်း သိ ရသည်။
ငွေကြေးအရှုပ် အရှင်းဖြစ်ပေါ် ခဲ့သည့် မိုးသက်ကုမ္ပဏီမှ ပြည်တွင်း ၊ ပြည်ပကုမ္ပဏီပေါင်း ၅ဝကျော်ကိုပေး ရန် ကျပ်သန်းပေါင်း တစ်သောင်း ခုနစ် ထောင်ခန့်ရှိရာမှ ပြည်ပကုမ္ပဏီ ၁၆ခု နှင့် ပြည်တွင်းကုမ္ပဏီ ၃ဝနီးပါးပါဝင် ပြီး၊ လက်ရှိမိုးသက် ကုမ္ပဏီ၏ ပိုင်ဆိုင် မှုစာရင်းမှာ ဘဏ်တွင် အပ်နှံထားသော ကျပ်သန်းနှစ်ထောင်နှင့် ပဲတန်ချိန်နှစ် သောင်းခန့် သာရှိကြောင်း မြန်မာ နိုင်ငံ ပဲ၊ နှမ်းလုပ်ငန်းရှင်များအသင်းမှသိရ သည်။
အောင်လံမြို့မှပဲကုန်သည် တစ် ဦးက ''ရရန်ရှိတဲ့စာရင်းကိုတင်ခိုင်းတဲ့ ရက်ကနည်းတယ်။ နောက်ပိုင်းမှလာ တင်တဲ့သူတွေမစဉ်း စားပေး ဘူးပြော တာ မဖြစ်သင့်ဘူး။ ပဲလောကမှာ လေ ရောင်းလေဝယ်ကြောင့် ပြဿ နာဖြစ် ရတာ။ ဒါကိုတာဝန်ရှိတဲ့ သူတွေက နောက်ပိုင်း အရောင်းအဝယ်တွေ ကို သေချာအောင် စနစ်တစ်ခုလုပ်ပေး ဖို့ တော့လိုတယ်''ဟု ပြောသည်။
ပဲအရောင်းအဝယ်ပြုလုပ်ရာတွင် ကြိုရောင်း၊ ကြိုဝယ်စနစ်ဖြင့်မပြုလုပ် ကြရန် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနနှင့် ပဲအသင်းနှင့် ကုန်စည်ဒိုင်တို့က နှစ်စဉ်ထုတ်ပြန် ထားခဲ့ကြောင်း သိရသည်။
ပဲဈေးကွက်တွင် အကြီးဆုံးငွေ ကြေးပြဿ နာမှာ ၂၀၀၈ခုနှစ်တွင် ပေါ်ပေါက် ခဲ့ပြီး ပဲကုန်သည်ကြီးရှစ်ဦး မှ ကျပ်ဘီလီယံပေါင်း များစွာ အရှုပ် အရှင်း များဖြစ်ပေါ် ခဲ့ပြီး၊ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက လည်း ပြည်တွင်းကုန် သည်တစ်ဦးက အိန္ဒိယကုန်သည်များ ထံမှ ငွေများကြိုယူထားခဲ့ပြီး အချိန်မီ ပဲတင်ပို့နိုင်ခြင်းမရှိသောကြောင့် ပြည်ပ ကုန်သည်များက သမ္မတရုံးသို့တိုင် ကြားစာများတင်ပို့ခဲ့၍ ဖြေရှင်း မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ံ
H H [--Democracy today Daily Newspaper--]
Aye Chan Mon# Credit To :Yangon Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment