0

ရန်ကုန်၊ မေ ၁၄။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)သဲကုန်းမြို့နယ်တွင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရမှု ၃လပြည့်အထိမ်းအမှတ် နှင့် ဖမ်းဆီးခံထားရသော
လယ်သမားတစ်ဦးဖြစ်သူ ကိုပေါက်စ ပြန်လွှတ်ပေးရေးအတွက် သဲကုန်းမြို့တရားရုံးရှေ့နှင့် မိုးကောင်းဘုရားတွင် လယ်သမားများနှင့်အတူ
ဆန္ဒပြပြီးပြန်လာသော လယ်သမားအရေးဆောင်ရွက်နေသူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တောင်ငူခရိုင်မှ ကိုကောင်းထက်ကျော်အား
ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံလယ်သမားတစ်ဦးကပြောသည်။

ဆန္ဒပြပွဲကိုမနက် ၉နာရီတွင်စတင်ကျင်းပ၍၁၁ နာရီတွင်ရုပ်သိမ်းခဲ့ပြီး လယ်သမားများနှင့်အတူပြန်လာသော ကိုကောင်းထက်ကျော်အား
သဲကုန်းမြို့အထွက်တပ်ရွာတွင် ရဲတပ်ဖွဲ့အင်အား ၃၀ခန့်က ဖမ်းဆီးကြောင်းသိရသည်။

“သဲကုန်းကိုလာတော့အတူတူ လာကြတာပါပြန်တော့ အတူတူမပြန်ကြဘူး မြို့အထွက်ရောက်တော့ရဲတွေက တားပြီး ရိုက်နှက်ဖမ်းဆီးတာပါ
အဲ့ဒါကိုလယ်သမားတွေက မဖမ်းဖို့ပြောပြီး ဘုန်းကြီးကျောင်းထဲပို့ ထားပါတယ်” ဟု ရှေ့နေဦးအေးမြင့်ကပြောသည်။

အဆိုပါကိစ္စနှင့်ပါတ်သတ်ပြီး ကာယကံရှင်ဖြစ်သူ ကိုကောင်းထက်ကျော်အား တယ်လီဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ “ကျွန်တော်တို့ပြန်လာတော့
တပ်ရွာအရောက်မှာ ဒုရဲမှူးက ဆွေးနွေးစရာရှိလို့ဆိုပြီးခေါ်ပါတယ် ရွာကဘုန်းကြီးကျောင်းမှာ ဆွေးနွေးမယ်လို့ကျွန်တော်ကပြောပါတယ် အဲ့ဒီအချိန်မှာ
ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီးရောက်လာပြီးကျွန်တော်ကိုလက်ထိပ်ခတ် ဖမ်းပါတယ် လယ်သမားတွေက ဝင်ဆွဲပြီး ဘုန်းကြီးကျောင်းထဲပို့တာကို SBကတစ်ယောက်က လှေကားပေါ်ကတွန်းချပြီး နံပါတ်တုတ်နဲ့ရိုက်ပါတယ်” ဟုပြောသည်။

ဦးခေါင်းကွဲ ဒဏ်ရာရရှိခဲ့၍ တပ်ရွာမြောက်ပိုင်းဘုန်းကြီးကျောင်းအတွင်း၌ ညနေ၃နာရီအထိ နေထိုင်ခဲ့ပြီး အောင်ကုန်းရွာသပိတ်စခန်းသို့ရောက်
ပြန်လည်ရောက်ရှိနေကြောင်း သိရသည်။

ချမ်းမင်းဟန်

Aye Chan Mon# Credit To :http://www.mmanewsagency.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top