0
ထိုင်းစစ်တပ်အကြီးအကဲ ပရာယု ချန်အိုချား စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီလို့ မေလ ၂၂ရက် ဒေသစံတော်ချိန် ညနေငါးနာရီမှာ ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။

ညဆယ်နာရီကနေ မနက် ငါးနာရီထိ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ ဒီအာဏာသိမ်းမှုဟာ ခြောက်လကြာ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုအပြီး တိုင်းပြည်ပြန်လည်တည်ငြိမ်ရေးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ ကြေညာပါတယ်။

သွေးထွက်သံယိုမှုတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် မနေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့တာဖြစ်ပြီး ဒီကနေ့ အုပ်ချုပ်ရေးပိုင်းကို ကိုင်တွယ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆောင်ရွက်ချက်ဟာ ထိုင်းစစ်တပ်က စေ့စပ်ဆောင်ရွက်တဲ့ နှစ်ရက်ကြာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးတွေကို ဘန်ကောက်မြို့က စစ်တပ်ရိပ်သာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာဏာမသိမ်းခင်လေးမှာ စစ်ကားပေါ်က လက်နက်ကိုင်စစ်သားတွေက အဆောက်အဦကို ၀ိုင်းရံပြီး ထွက်ခွာမသွားနိုင်အောင်ပိတ်ဆို့ခဲ့ပါတယ်။

ACM Credit To:DVB TV News
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top