0

ယနေ့မြန်မာစံတော်ချိန် ညနေ ၄ နာရီ (၁၆း၀၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း
တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၁၂၅)မိုင်ခန့်၊ကျောက်ဖြူမြို့၏အနောက်တောင်ဘက်
မိုင်(၁၆၀)ခန့်နှင့် စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက်
မိုင်(၁၉၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါမုန်တိုင်းငယ်သည်ကနဦးတွင်အရှေ့မြောက်သို့ ရွေ့လျားပြီးနောက်
မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းငယ်သည် မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းဆီသို့ဦးတည်ရွေ့လျားနေ
သည့်အတွက် လိမ္မော်ရောင်အဆင့်ဟုသတ်မှတ်ပါသည်။ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့
တွင် နေရာအနှံအပြားမိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ

ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။

မိုးလေ၀သ ဇလဗေဒညွန့်ကြားမှုဦးစီးဌာန

ACM Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top