ရန်ကုန်၊ ACM Re-Post 29-5-2014
မေလအတွင်း အပူချိန် မြင့်တက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ငါးမွေးမြူရေး ကန်အချို့တွင် ကန်ရေများ ခန်းခြောက်ပြီး ငါးများ သေဆုံး၍ ငါးတစ်ပိဿာလျှင် ဈေးနှုန်းကျပ်သုံးရာ ဝန်းကျင် မြင့်တက်လာကြောင်း ငါးလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
ခရမ်းမြို့နယ် အတွင်းရှိ ငါးမွေးမြူရေး ကန်အားလုံးနီးပါးတွင် ငါးသေဆုံးမှုများ ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တော် ငါးဈေးကွက်သို့ တင်ပို့မှုလျော့ကျကာ ငါးတန်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၁၀၀ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
“ထုတ်လုပ်မှု အားနည်းလို့ ငါးဈေးတက်တာပါ။ အားနည်းတယ် ဆိုတာက ရာသီဥတု ဖောက်ပြန်တော့ ကန်ရေတွေ ခန်းခြောက်ပြီး ငါးတွေသေလို့ပါ” ဟု ခရမ်းမြို့နယ် အတွင်းရှိ မြေဧက ငါးရာကျော်တွင် ငါးမွေးမြူရေး လုပ်ကိုင်သည့် လုပ်ငန်းရှင် ဦးခင်တိုးက ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း ငါးများသေဆုံးမှုမှာ ရာသီဥတုကြောင့်သာ ဖြစ်ပြီး ရောဂါဖြစ်ပွားခြင်းကြောင့် မဟုတ်ကြောင်း ဒေါပုံမြို့နယ်ရှိ ငါးအအေးခန်း လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောဆိုသည်။
၂၀၁၃ ခုနှစ် အတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ငါးကန်များတွင် အပူချိန် မြင့်တက်မှုကြောင့် ငါးသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။
ယင်းကဲ့သို့ ငါးသေဆုံးမှုများမှာ လွန်ခဲ့သည့် ၂ နှစ်ကျော်မှစ၍ သိသိသာသာ ဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင်လည်း ဆက်လက်ဖြစ်ပွားနေကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။
(အိမိုမို၊ ယမင်း)
Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment