0
(၁)
ပညာရေးဆိုတာ နိုင်ငံတော် တည်ဆောက်ရေးအတွက် အရေးကြီးဆုံးဖြစ်တယ်လို့ ဆိုကြပါတယ်။ပညာဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ လူတိုင်းပညာ သင်ခွင့်ရှိဖို့၊ ပညာသင်ခွင့်ရဖို့ လိုအပ်ပါတယ်။ လူသားတိုင်း ပညာသင်ယူတတ်မြောက်မှသာ တစ်ဆင့်ထက်တစ်ဆင့်၊ မြင့် သည်ထက်မြင့်တဲ့ ဘဝတွေကို ဖန်တီးထူထောင်နိုင်ကြမှာပါ။ နိုင်ငံတော်တည်ဆောက်ဖို့၊တည် ငြိမ်အေးချမ်းဖို့၊ အစိုးရရဲ့ယန္တရား လည်ပတ်ဖို့ပညာရေးကဏ္ဍခိုင် မာရပါမယ်။ အားကောင်းရပါ မယ်။ တည်ငြိမ်မှုရှိရပါမယ်။
ဒီနေ့ပြောချင်တာက အ ဆင့်မြင့်ပညာရေးကဏ္ဍလို့ဆိုတဲ့ တက္ကသိုလ်တွေရဲ့ လုပ်ဆောင်မှု အကြောင်းဖြစ်ပါတယ်။ ‘‘အမျိုး သားပညာရည် မြင့်မားရေးအ တွက် လက်တွေ့ကျသော ပညာ ရေးမြှင့်တင်မှုလုပ်ငန်းများ အ ကောင်အထည်ဖော်ရေး (အဆင့် မြင့်ပညာကဏ္ဍ)နှီးနှောဖလှယ်ပွဲ (၂၀၁၄)’’လုပ်ဖို့ ပြင်ဆင်နေကြပါ တယ်။ ရန်ကုန်တက္ကသိုလ်စိန်ရတု ခန်းမမှာ ဧပြီလ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပကြမှာပါ။
ပညာရေး ဝန်ကြီးဌာန အောက်မှာရှိတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်စုစုပေါင်း ၄၇ ကျောင်းမှ ပညာရေး မြှင့်တင်မှုအကောင်အထည်ဖော်ရေး ပင်မကော်မတီဝင်တွေကို အခြေခံပြီး တက်ရောက်မယ့်ဦးရေ ၈၀၀ ခန့်ရှိကြောင်း သိရပါတယ်။ နှီးနှောဖလှယ်ပွဲရဲ့ အဓိကရည်မှန်းချက်က ‘‘လက်တွေ့ကျသော ပညာရေးပြောင်းလဲမှုဖြစ်စဉ်တွင် လွှတ်တော်မှပြဋ္ဌာန်းလာမည့် အမျိုးသား ပညာရေးဥပဒေနှင့်အညီ တက္ကသိုလ်များ၏ အနာဂတ်နှင့် တိကျသည့်အခန်းကဏ္ဍကို ပုံဖော်ရန်’’လို့ ဆိုပါတယ်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက်ဖွဲ့စည်းထား တဲ့ လုပ်ငန်းအဖွဲ့ခုနစ်ဖွဲ့ရဲ့ စာ တမ်းခုနစ်စောင်စီကို တောင်းခံ ထားကြောင်းလည်း သိရပါတယ်။ အဖွဲ့ဖွဲ့ခိုင်းတာက ဧပြီလဆန်း ၄၊ ၅ ရက်ဝန်းကျင်ဖြစ်ပါတယ်။ တစ်ဖွဲ့မှာ အဖွဲ့ဝင် ၁၆ ဦးမှ ၂၀ ဦးအထိ ပါဝင်ရမယ်လို့ဆိုပါတယ်။ စီမံခန့်ခွဲရေးအရာထမ်း လေးပုံတစ်ပုံနဲ့ သင်ကြားရေးအရာထမ်း လေးပုံသုံးပုံစီ ပါဝင်ရမယ်လို့လည်း ဆိုထားပါသေးတယ်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တိုင်းမှာ ဖွဲ့စည်းရမယ့် လုပ်ငန်းအဖွဲ့ခုနစ်ဖွဲ့က အဆင့် မြင့်ပညာရေး (တက္ကသိုလ်များ စုဖွဲ့ရေး၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေး)၊ စီမံခန့်ခွဲမှုဆိုင်ရာအရည်အသွေးမြှင့်တင်ရေး၊ ဝန်ထမ်းစွမ်း ရည်မြှင့်တင်ရေးနှင့် စွမ်းဆောင်ရည်အကဲဖြတ်ရေး၊ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး၊ ပညာရပ်ဆိုင်ရာ ရုပ်ပတ်ဝန်းကျင်ကောင်းများ ကြီးကြပ်ဖြည့်ဆည်းရေး၊ သင်ရိုးညွှန်းတမ်း (အဆင့်မြင့်)၊ သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေးပညာဆိုတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
တစ်ဖွဲ့ချင်းစီရဲ့ စာတမ်း ခုနစ်စောင်ကို ဧပြီလ ၂၂ ရက် နောက်ဆုံးပို့ရမယ်လို့ သိရပါ တယ်။ ဆောင်ရွက်ပြီးစီးမှုအခြေ အနေကိုတော့ ဧပြီ ၁၁ ရက် နောက်ဆုံးထား ပြန်လည်တင်ပြရ မယ်လို့ သိရပါတယ်။ အဲဒီတော့ ပြန်စဉ်းစားကြည့်ရအောင်။ ဧပြီ ၁၁ နဲ့ ၂၂ ကြားရက်တွေက ရုံး ပိတ်ရက်ဖြစ်နေတယ်။ ဘယ်သူ မှ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဆိုတော့ စာတမ်းတွေကို ဧပြီ ၁၁ ရက်အမီ ပြီးအောင်လုပ်ကြမှာပဲ။
‘‘ဘာတစ်ခုမှ မသိလိုက်ရပါ ဘူး။ သတင်းစာဖတ်လိုက်မိလို့ သာ သိရတာ။ ဘယ်လိုအဖွဲ့ဖွဲ့ လိုက်တယ်။ စာတမ်းဘယ်လိုရေး လိုက်တယ်လည်း မသိကြရဘူး။ ပညာရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမ ၉၀ ရာခိုင်နှုန်းလောက်က မတ်လ ၃၁ ရက်၊ ဒါမှမဟုတ် ဧပြီလ ၁ ရက်ကစပြီး ဆယ်တန်းအဖြေလွှာ တွေ စစ်နေကြရတယ်။ ဆယ် တန်းကလည်း ဆယ်ရက်အတွင်း အပြီး စစ်ခိုင်းတာဆိုတော့ တစ် နေကုန် နေ့စဉ်စစ်ကြရတယ်။
စာစစ်ဌာနက တစ်နိုင်ငံလုံး မှာ ဆယ်ခုပဲရှိတာဆိုတော့ စာစစ် ဌာနရှိတဲ့ တက္ကသိုလ်တွေကိုသွား ပြီး စစ်နေကြရလို့ တချို့ တက္ကသိုလ်တွေမှာဆို လူတောင်မရှိဘူး။ကျောင်းမှာကျန်ခဲ့တဲ့ ပါမောက္ခချုပ်နဲ့ ပါမောက္ခ၊ ဌာနမှူးတွေပဲ အဖွဲ့ဖွဲ့၊ စာတမ်းရေးလိုက်ကြတာပါ။ ဆရာ၊ ဆရာမ တော်တော်များများ ဘာမှမသိလိုက်ကြရပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးက ရင်လေးစရာဖြစ်နေပါတယ်’’လို့ ကထိကဆရာတစ်ဦးက ပြောပြပါတယ်။
လုပ်ငန်းအဖွဲ့ဖွဲ့ဖို့၊ စာတမ်း ရေးဖို့၊ ပြန်လည်တင်ပြအစီရင်ခံဖို့ အချိန်တစ်ပတ်လောက်နဲ့ ဆောင်ရွက်ကြပုံက ပညာရေးအတွက် စဉ်းစားစရာ ဖြစ်နေပါတယ်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်စုစုပေါင်း ၄၇ ကျောင်းမှ ရရှိလာမယ့် စာတမ်း ၃၂၉စောင်ကို ဧပြီလ ၂၂ ရက်မှ ၂၇ရက်အတွင်းစာတမ်းပြုစုသူများနဲ့ တာဝန်ရှိသူများ စုစည်းဆွေးနွေးညှိနှိုင်းပြီး အပြီးသတ်စာတမ်းခုနစ်စောင်ပြုစု မယ်လို့ သိရပါတယ်။

(၂)
တိုးတက်ဖွံ့ဖြိုးပြီး ပညာရေး ထွန်းကားတဲ့နိုင်ငံတွေမှာ Educ-ational Technology တော်တော့ ကို တွင်ကျယ်နေပါတယ်။ ၂၁ ရာစုခေတ် ပညာရှာမှီးလိုသူတွေ အတွက် တိုးတက်တဲ့ပညာရေး အဖြစ် ရည်သန်ခဲ့ကြတာပါ။ သူတို့မွေးဖွားကြီးပြင်းရာ ရပ်ဝန်း ကလည်း ဒစ်ဂျစ်တယ်နည်းပညာ ပတ်ဝန်းကျင်တွေဖြစ်လို့ အတွေး အခေါ်ကအစ နည်းပညာရဲ့သက် ရောက်မှုအားကောင်းခဲ့ပါတယ်။
ကျောင်းသင်ခန်းစာရဲ့ အရေးကြီးအချက်အလက်တွေကို ဝက်ဘ်ဆိုက်မှာ ဆရာတွေက တင်ပေးတယ်။ ကျောင်းသား၊ ကျောင်းသူတွေက ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ လျင်လျင်မြန်မြန်ရယူနိုင်တယ်။ သင်ကြားရေးမှာ အဆင့်မြင့်နည်းပညာတွေ သုံးခြင်းဖြင့် လူငယ်တွေရဲ့ သင်ယူလိုမှုကိုနိုးကြားတက်ကြွစေတယ်။ နောက်ပြီး ချဲ့ထွင်ဆင့်ပွားသင်ယူခြင်းများ အတွက် အခွင့်အလမ်းပိုရစေ တယ်လို့ဆိုပါတယ်။
၂၀၁၀ ပြည့်နှစ် လေ့လာမှု များအရ အမေရိကန်ရှိ မိသားစု တွေရဲ့ ၇၀ ဒသမ ၃ ရာခိုင်နှုန်း အင်တာနက်သုံးစွဲနိုင်ကြတယ်။ ကနေဒါမှာ ၇၉ ရာခိုင်နှုန်းသုံးစွဲ နိုင်ကြတယ်။ ဒီအချက်က လူငယ် တွေကို အိမ်မှာတင် သင်ခန်းစာ တွေရရှိနိုင်ဖို့ အခွင့်သာစေတယ်။ သုတေသနတွေ၊ လူမှုမီဒီယာ စတာတွေနဲ့ ချိတ်ဆက်နိုင်ကြ တယ်။ နိုင်ငံအဝန်း ကျယ်ပြန့်တဲ့ ပါဝင်မှုကိုဖြစ်စေတယ်။ ကျောင်း သားတွေရဲ့စွမ်းရည်ကို မြင့်တက် စေတယ်။ မတူကွဲပြားတဲ့ နည်းဗျူ ဟာတွေ၊ ဖန်တီးမှုတွေ၊ အတွေး အမြင်တွေကို ဖလှယ်နိုင်ကြ တယ်။
အင်တာနက်ဟာ တစ်ကမ္ဘာ လုံးရှိ လူတိုင်းအတွက် သော့ခတ် မထားဘူးလို့ဆိုပါတယ်။ အရွယ် မရွေးလူငယ်ကျောင်းသား၊ ကျောင်းသူတိုင်း ကမ္ဘာတစ်ခွင်ရင်ပေါင်တန်းပြီး ချိတ်ဆက်နိုင်တယ်၊ မျှဝေနိုင်တယ်၊ သင်ယူနိုင်တယ်။ ကျောင်းသားတွေအတွက် လေ့ကျင့်ခန်းတွေ၊ သင်ခန်းစာတွေကို နည်းပညာသုံးပြီး သင်ယူစေခြင်းအားဖြင့် ဆရာတွေက တခြားပိုပြီးအရေးပါတဲ့ လုပ်ငန်း တာဝန်တွေကို ထမ်းဆောင်နိုင်ကြတယ်။
စာသင်ခန်းတွေကအစ ဆွဲ ဆောင်မှုအားကောင်းတယ်။ လူ ငယ်တွေရဲ့ လိုအင်ကို ပြည့်မီ အောင်ဖြည့်ဆည်းပေးထား တယ်။ ကျုပ်တို့ဆီက ကျောင်းနဲ့ တက္ကသိုလ်တွေမှာ ကွန်ပျူတာ သီးသန့်ခန်းတွေရှိတယ်။ လူကြီး လာစစ်တဲ့အခါမှ ဖွင့်တတ်ကြတယ်။ လက်ရွေးစင် ကျောင်းသား၊ ကျောင်းသူဆယ်ဦးလောက်ကို တက်သုတ်ရိုက်သင်ပေးထားကြတယ်။ စီမံချက်တွေ၊ အစီရင်ခံစာတွေ၊ ဟန်ရေးပြတွေက အဓိကဖြစ်နေတုန်းပဲ။
ကမ္ဘာတစ်ဝန်းလုံးမှာ ပညာ ရေးကို အားကောင်းမောင်းသန်နဲ့ ချီတက်နေကြပါတယ်။ လူသား အရင်းအမြစ်ကို ပြုစုပျိုးထောင် ကြပါတယ်။ ခမ်းနားတဲ့ပန်းတိုင် တွေဆီကို အပြိုင်အဆိုင်လျှောက် လှမ်းနေကြပါတယ်။ သူတို့ရဲ့ အားအင်ကို ပိုပြီးထက်မြက်အောင် ပံ့ပိုးပေးမယ့်အရာတွေ ပြည့်စုံနေပါတယ်။ သူတို့ဆီမှာ နေရာ၊ ရာထူးနဲ့ မအပ်စပ်တဲ့ အပိုတာဝန်တွေ မရှိပါဘူး။

(၃)
တက္ကသိုလ်အလိုက် လက် တွေ့ကျတဲ့ ပညာရေး ပြုပြင် ပြောင်းလဲမှုလုပ်ငန်းတွေ နှီးနှော ဖလှယ်ကြတဲ့အခါကျောင်းသား၊ ကျောင်းသူတွေ ဘာမှမသိကြရ ဘူး။ ဆရာ၊ ဆရာမ အများစုလည်း လုံးဝမသိလိုက်ကြရဘူး။ ဒီလို နည်းနဲ့ အဖြေရှာတဲ့အခါ အဖြေ မှန်ထွက်ပါ့မလား စိုးရိမ်မိပါ တယ်။ သက်ဆိုင်ရာဌာန အကြီး အကဲတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှု က ခိုင်ခိုင်မာမာအမြစ်တွယ်နေ ဆဲဖြစ်ပါတယ်။
အသိမိတ်ဆွေ လူငယ်တစ် ယောက်က ပြောတယ်။ သူက ၁၉၉၇ ခုနှစ်မှာ ဆယ်တန်း အောင်တယ်။ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်တွေကလွဲပြီး တခြား တက္ကသိုလ်တွေပိတ်ထားလို့ သူဆယ်တန်းအောင်ပြီး လေးနှစ်လောက်ကြာမှ ပထမနှစ်စတက်ခဲ့ရတယ်။ ဘွဲ့တစ်ခုရနိုင်မယ့် အချိန်တွေက အလကားဖြစ်ခဲ့တယ်။ သူတက္ကသိုလ် စတက်လို့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ပါမောက္ခချုပ်ကပြောတယ်တဲ့။ တက္ကသိုလ်တွေကိုဘယ်တုန်းကမှ မပိတ်ခဲ့ပါဘူး။ တံခါး အမြဲဖွင့်ထားပါတယ်တဲ့။ အဲဒီ ပါမောက္ခချုပ်က နောက်တော့ ဝန်ကြီးဖြစ်သွားတယ်လို့ ပြောပါ တယ်။
တက္ကသိုလ်များ တံခါးအမြဲ ဖွင့်ထားတာ မင်္ဂလာရှိပါတယ်။ ဒါပေမဲ့ ကျုပ်တို့ဆီက တက္ကသိုလ် တွေရဲ့ တံခါးပေါက်တွေက လူ ငယ်တွေအတွက် စနစ်ထောင် ချောက်ရဲ့ ဝင်ပေါက်တွေဖြစ်နေမလား ကျုပ်ပူပန်နေမိပါတယ်။

Credit to စိန်မြရွှေ
K.K(ကနောင်)

Aye Chan Mon# Credit To :နည်းစနစ်ကျကျအတွေးအခေါ်
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top