0

ဆိုးလ် မေ ၃

မြောက်ကိုရီးယားနိုင်ငံသည် မကြာ သေးမီက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးပျံအတွက် အင်ဂျင်စမ်းသပ်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းဒုံးပျံသည် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး အမေရိကန်ပြည် ထောင်စုအထိ ရောက်ရှိသည်အထိ ပျံသန်း နိုင်သည့် စွမ်းပကားရှိကြောင်း အမေရိကန် သုတေသနအဖွဲ့တစ်ဖွဲ့က ပြောကြား ကြောင်း နိုင်ငံတကာ သတင်းဌာနများက မေ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

မြောက်ကိုရီးယားနိုင်ငံသည် မတ်လ နှောင်းပိုင်းသို့မဟုတ် ဧပြီလ အစောပိုင်းက ကေအင်န်-ဝ၈ ဟု အမည်ပေးထားသော ပဲ့ထိန်းဒုံးပျံအတွက် အင်ဂျင်စမ်းသပ်မှုကို ပြုလုပ်ခဲ့ကြောင်း အမေရိကန် ဂျွန်ဟော့ပ် ကင်း တက္ကသိုလ်အောက်ရှိ အမေရိကန်-ကိုရီးယား လေ့လာရေးသိပ္ပံနှင့် ပေါင်းကူး ထားသော သုတေသနအဖွဲ့တစ်ဖွဲ့က ပြောကြားသည်။

ကေအင်န်-ဝ၈ ပဲ့ထိန်းဒုံးပျံသည် ကီလိုမီတာ ၁ဝဝဝဝ (မိုင် ၆ဝဝဝ) ကျော် အကွာအဝေးအထိ ပျံသန်းနိုင်သည်ဟု ယူဆရသည်။
မြောက်ကိုရီးယားနိုင်ငံရှိ ပန်ဂေရီ နျူကလီးယား စမ်းသပ်ရေးစခန်း၌ နျူကလီး ယားစမ်းသပ်မှုပြုလုပ်ဖွယ်ရှိသည်ဟု အဆိုပါ သုတေသနအဖွဲ့က ပြောကြားခဲ့ပြီးနောက် ရက်သတ္တတစ်ပတ်အကြာတွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးပျံအတွက် အင်ဂျင်စမ်းသပ်မှု ပြုလုပ်ခြင်းဖြစ်သည်။ ရိုက်တာ။

Aye Chan Mon# Credit To :The Mirror Daily
https://www.facebook.com/excellencemedia

Post a Comment

 
Top