0

ACM Re-Post 29-5-2014

တရုတ်-မြန်မာနယ်စပ် မှာ ဒီကနေ့ သောကြနေ့ မနက်မှာ အင်အား ၅.၉ ပြင်းအား ငလျင်တခု လှုပ်ခတ် သွား ပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပန်ယွမ်မြို့ မြောက်ဘက် ၁၈ မိုင်အကွာ ( ၂၇ ကီလိုမီတာ) နေရာကို ဗဟိုပြု ပြီး မြေအနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် အခြေစိုက် မြေငလျင်တိုင်းတာ
ရေး ဌာန USGS က ပြောထားပါတယ်။

လွန်ခဲ့တဲ့ သတင်းတပတ် စနေနေ့ကလည်း တရုတ်-မြန်မာနယ်စပ်မှာ မြေငလျင် တခု လှုပ်ခတ်ခဲ့ပြီး
နောက် ဆက်တွဲ မြေငလျင်ငယ်တွေလည်း ဆက်တိုက်လှုပ်ခတ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက လူသေဆုံးမှု တချို့လည်း ရှိခဲ့ပါတယ်။

ဒီကနေ့ လှုပ်ခတ်တဲ့ မြေငလျင်နဲ့ပတ်သက်ပြီး ထိခိုက်၊ ပျက်ဆီးမှု ဘယ်လိုရှိတယ်ဆိုတာ မသိရသေးပါဘူး။

အိမ့်သံစဉ် ~

Aye Chan Mon Credit To:
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top