0

ရန်ကုန် မေ ၅

"ဒီအချိန်က သရက်သီးမှည့်တွေ ဗားကရာဆိပ်ကို စ၀င်တဲ့အချိန်ပါပဲ"ဟု ကြည့်မြင့်တိုင် ဗားကရာ သရက၊်မာလကာ၊ သခွားမွှေး အသီးများ ဒိုင်မှ ကုန်သည်တစ်ဦးဖြစ်သည့် လှဝင်းခင်က ဆိုသည်။

ကြည့်မြင်တိုင် ဗားကရာ သစ်သီးဆိပ်သို့ တွံတေးမြို့နယ် သရက်ခြံများမှ သရက်သီးအမှည့်များကို တင်ဆောင်လာသော သမ္ဗန်ကြီးများနေ့စဉ်အစင်း ၃၀ ကျော်ဝင်ရောက်ဆိုက်ကပ်လျက်ရှိသည်ကို တွေ့မြင်လာရပြီဖြစ်သည်။

တွံတေးမြို့နယ် တမွတ်ကျေးရွာမှ သရက်သီးကုန်သည် ကိုကျော်စိုးက "တွံတေးမြို့နယ် တမွတ်၊ ပန်းလှိုင်၊ရေကျော် သရက်ခြံတွေက ထွက်တဲ့သရက်သီးမှည့်တွေပါ။ အဓကိ ရင်ကွဲ၊ မချစ်စုမျိုးတွေပေါ့" ဟု ဆိုခဲ့သည်။

သရက်ခြံများတွင် အပင်ချုပ်စနစ်ဖြင့် အသီးစသီးသည့် အချိန်မှစ၍ အသီးထွက်နိုင်သည့် အခြေအနေပေါ်ကြည့် ဆုံးဖြတ်ကြပြီးတစ်ပင်လျှင် ငွေကျပ် ၅၀၀၀ မှ၈၀၀၀အထိ ပေးချုပ်ကြသည်။ ချုပ်သည်ဆိုရာ၌ စာချုပ်စာတမ်းဖြင့် မဟုတ်ဘဲ ကုန်သည်တို့၏ သဘောသဘာဝအရ နှုတ်ကတိဖြင့် သတ်မှတ်ကြခြင်းဖြစ်သည်။

ယခုကဲ့သို့ သရက်သီးမှည့်များပေါ်ချိန်၌ ဗားကရာဆိပ်သို့အသုတ်အနေဖြင့် ကုန်ဆုန်လဆန်းမှ ကဆုန်လကုန် အထိလည်းကောင်း၊ ဒုတိယအသုတ်အားဖြင့် နယုန်လဆန်းမှ ဝါဆိုလဆန်း အထိလည်းကောင်း ၊ တတိယအသုတ်အားဖြင့် ဝါဆိုလဆန်းမှလပြည်ကျော်အထိ ၀င်တတ်ကြာင်းသိရသည်။ သရက်သီးကုန်သည် ကိုဇော်နိုင်ထွန်းက " ဈေးအနေနဲ့ ဒိုင်သွင်းဈေးက အလုံးအကြီး၊ အလတ်၊ အသေးအလိုက် ရင်ကွဲတစ်လုံးလျှင် ငွေကျပ် ၆၅၊ ၃၅၊ ၂၀အထိ ဈေးရှိပြီး မချစ်စု တစ်လုံးလျှင် ငွေကျပ်၂၀၀၊ ၁၀၀၊ ၅၀အထိ ဈေးရှိနေကြောင်း သိရသည်။

Aye Chan Mon# Credit To : MOI Webportal Myanmar
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top