0

မန္တလေး၊ မေ ၎

လွတ်လပ်သည့် ရှေ့နေအသင်း ဖွဲ့စည်းရေးအတွက် စည်းမျဉ်းစည်ကမ်းများ ရေးဆွဲရေး ဆွေးနွေးပွဲကို ဇွန်လ ဒုတိယပတ်တွင် တောင်ကြီးမြို့၌ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါအသင်း ဖွဲ့စည်းရေး လုပ်ငန်းကော်မတီတွင် ပါဝင်သည့် မန္တလေးမြို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်း (NDF) က ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းမည့် ရှေ့နေအသင်းအတွက် စည်းမျဉ်းများနှင့် ဘဏ္ဍာရေး ရှာဖွေရေး ကိစ္စရပ်များ ဆောင်ရွက်ရန် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

စည်းမျဉ်းများ ရေးဆွဲရာတွင် နိုင်ငံတကာ ဘားကောင်စီမှ စည်းမျဉ်းများလည်း ထည့်သွင်းသွားမည် ဖြစ်ကြောင်း အထက်မြန်မာပြည် ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးလှကိုက ပြောကြားသည်။

တစ်နှစ်အတွင်း လွတ်လပ်သည့် ရှေ့နေအသင်း ပေါ်ပေါက်လာရေးအတွက် ရှေ့နေ ၇၀ ဦး ပါဝင်သည့် အကြိုလုပ်ငန်း ကော်မတီတစ်ရပ်ကို နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသည့် ဆွေးနွေးပွဲတွင် ဖွဲ့စည်းလိုက်ကြောင်း၊ အကြိုလုပ်ငန်း ကော်မတီတွင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ရှေ့နေများ၊ ရှေ့နေများကွန်ရက်နှင့် Myanmar Law Association စသည်တို့လည်း ပါဝင်ကြောင်း လုပ်ငန်းကော်မတီထံမှ သိရသည်။

ရှေ့နေများ၏ အခွင့်အရေး ဥပဒေနှင့်အညီ ရရှိရေး၊ ပြည်သူများကို ဥပဒေက ပေးသည့် အခွင့်အရေး ရရှိရန် ဆောင်ရွက်နိုင်ရေးနှင့် ရှေ့နေများ၏ အသိပညာပိုင်းဆိုင်ရာ မြှင့်တင်ပေးရေး စသည်တို့ကို ဆောင်ရွက်နိုင်ရေး ဖွဲ့စည်းခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်း (NDF) က ပြောကြားသည်။

Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top