0

မေလ ၁၇။

လာအိုကာကွယ်ရေး ဝန်ကြီး ဒေါင်ဝမ်ချေပစ်ချစ်နှင့် အခြား အကြီးတန်းအရာရှိများ လိုက်ပါစီးနင်းလာသော စစ်တပ်မှ လေယာဉ်သည် နိုင်ငံ၏
မြောက်ပိုင်းတွင် ပျက်ကျခဲ့ကြောင်း သိရှိရသည်။

ခရီးစဉ် စတင်ခဲ့သည့် လာအိုနိုင်ငံ၏ မြို့တော် ဗျန်းထီးရန်မှ ၃၁၁မိုင် အကွာ ဇန်ကွေရန်ခရိုင်အတွင်းတွင် ပျက်ကျခဲ့ခြင်း ဖြစ်မည်ဟု တွေးထင်ခဲ့ကြသည်။

လေယာဉ်ပေါ်၌ ဗျန်ထီးရန်၏ မြို့တော်ဝန်အပါအဝင် လူပေါင်း ၂၀ ခန့် ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် သေဆုံးမှုများကို မသိရှိရသေးပေ။

လေယာဉ်ပေါ်တွင် ပါဝင်ခဲ့သူများမှာ ဇန်ကွေရန်ရှိ ဌာနဆိုင်ရာ အခမ်းအနားသို့ တက်ရောက်ကြရန် ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလအတွင်းကလည်း လာအိုလေကြောင်းလိုင်းမှ ကွပ်ကဲသည့် အရပ်ဘက်ဆိုင်ရာ လေယာဉ်တစ်စင်းသည် ဆိုးရွားသည့်
ရာသီဥတု ဒဏ်ကြောင့် မဲခေါင်မြစ်အတွင်းသို့ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ရှိ လူပေါင်း ၄၉ ဦးစလုံး သေဆုံးခဲ့ကြသည်။

ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံသည် လူဦးရေ ၇ သန်းခန့်ရှိပြီး ကွန်မြူနစ် အာဏာပိုင်များပါဝင်သည့် အစိုးရမှ အုပ်ချုပ်ပြီး အာရှတိုက်၏
အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်သည်။

Ref: BBC

Aye Chan Mon# Credit To :http://www.mmanewsagency.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top