0


ကိုယ့်အဖြစ်ကို ကိုယ်မဆန်းစစ်
ပြည်သူ့အပြစ်လို့ ပုံဖေါ်
ယုံသော်ရှိ မယုံသော်ရှိ
စားစရာမရှိရင် ထမင်းရှင်လယ်သမား
လယ်လုပ်အားတိုးအောင်
လယ်ထွန်စက်တွေ ပံ့ပိုးပေးမယ့်အစား
တနပ်စာထမင်းလျှော့စား…တဲ့။

လုပ်အားခ တိုးတောင်းတဲ့အလုပ်သမား
ကုန်ထုတ်အား တိုးပွားအောင်
နည်းပညာနဲ့ ကြိုးစားပေးမယ့်အစား
တနေ့ကျပ်၂၀၀၀နဲ့ လောက်အောင်စား…တဲ့။

လျှပ်စစ်မီးမလာရင်
ပညာရှင်တွေနဲ့ပြုပြင်ပေးရမယ့်အစား
ဖယောင်းတိုင်မီး ထွန်းပါလား…တဲ့။

အဝေးကိုမမြင် အတွေးတိမ်ဝင်တဲ့ဝန်ကြီးများ
ဦးနှောက်က ရွှင်လှပါကလား
အင်..ပွဲမ၀င်ခင် ပြင်ကကျင်းပ
ဟာသတွေကွယ် အူတက်ရယ် ရအောင်
သဘာဝမင်းသားထက်
ဟာသမင်းသားလို့ခေါ်ရင်
တကယ်သင့်တော်မယ်ထင်…။

တက္ကသိုလ်ဘုန်းကြွယ်(မေ ၂၄ ၁၄)

ACM Re-Post 25-5-2014
ACM Credit To:တက္ကသိုလ် ဘုန်းကြွယ်
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top