By ဒီဗွီဘီ
5 May 2014
မြန်မာနိုင်ငံထဲမှာ BMW ကားတွေ ဖြန့်ချီ ရောင်းချဖို့ တဦးတည်း ကိုယ်စားလှယ် ရထားတဲ့ Prestige အော်တိုမိုဘိုင်းကုမ္ပဏီဟာ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ တခြား အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံခေါင်းဆောင်တွေ စီးဖို့ BMW ကားအစီး ၇၀ ပံ့ပိုးပေးခဲ့ပါတယ်။
ဒီကားတွေကို မေ ၄ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန မှာ ကျင်းပတဲ့ BMW ကားအစီး ၇၀ လွှဲပြောင်းတဲ့ အခမ်းအနားမှာ အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပရေး ပို့ဆောင်ရေး ဆပ်ကော်မတီအတွင်းရေးမှူး ညွှန်ချုပ် ဦးတင်ထူးက လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။
ပံ့ပိုးပေးတဲ့ ကားတွေထဲမှာ BMW 7 Series, 5 series Sedan နဲ့ BMW X5 Sports Activity Vehicle အမျိုးအစားကားတွေ ပါဝင်တယ်လို့ သိရပါတယ်။
BMW ကုမ္ပဏီဟာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေအတွင်း ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းနိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ အာဆီယံ ဆန်းမစ်အစည်းအဝေးပွဲတွေတုန်းကလည်း ခုလိုပဲ ကားတွေ ကူညီထောက်ပံ့ပေးခဲ့ဖူးပါတယ်။
Aye Chan Mon# Credit To : DVB
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment