0

ACM Re-Post 24-4-2014

စစ်တပ်က အာဏာသိမ်းပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားတာကြောင့် ထိုင်းနိုင်ငံရဲ့ မြို့ကြီးတွေဖြစ်တဲ့ ဘန်ကောက်၊ ချင်းမိုင် အပါအဝင် ကမ္ဘာလှည့်ခရီးသည်တွေ အလည်အပတ်များတဲ့ ဖူးခတ်နဲ့ ပတ်တရား ကမ်းခြေတို့က စားသောက်ဆိုင်၊ ညကလပ်နဲ့ အပန်းဖြေနေရာတွေမှာ ဖွင့်လှစ်တဲ့ ဆိုင်တွေဝင်ငွေကျဆင်းခဲ့ကြရတယ်လို့သိရပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေစီကနေ အဓိကဝင်ငွေရရှိနေတဲ့ ပတ်တရားကမ်းခြေ မှာဆိုရင်လည်း ကာဖျူးထုတ်ပြီးနောက် ဧည့်သည်တွေ အဝင်နည်းလာ လို့ ဝင်ငွေထိခိုက်မှုတွေရှိနေတယ်လို့ ပတ်တရားကမ်းခြေက ဟိုတယ်နဲ့ တွဲလျက်ဖွင့်ထားတဲ့ စားသောက်ဆိုင်မှာလုပ်နေတဲ့ မြန်မအလုပ်သမား ကိုအောင်စိုး ကရှင်းပြပါတယ်။

"ဆိုင်က အရင် ၂၄ ဖွင့်နေကြ အခု ၁၀ နာရီကနေ မနက် ၅ နာရီထိ ပိတ်ပေးရတယ်။ ဧည့်သည်တွေလည်း အရင်ရက်တွေထက် ၃ ပုံ ၁ ပုံလောက်ပဲလာ တော့တယ်။ ဆိုင်ရှင်တွေ ဝင်ငွေထိခိုက်သလို ကျနော်တို့လည်း ဝင်ငွေထိခိုက်တာပေါ့" လို့သူက ဧရာဝတီ ကို ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်မှုအားကောင်းသလို မနှစ်ကတော့ ကမ္ဘာ့ခရီးသွားလာရေးနဲ့ တိုးရစ်ဇင် အဖွဲ့ကြီးရဲ့ အဆိုအရ ဆိုက်ရောက်သူပေါင်း ၂၈ သန်း နီးပါး ရှိတယ်လို့ သိရတယ်။ ဒါတွေကလည်း ဥရောပ၊ တရုတ်၊ မလေး စတဲ့ နိုင်ငံတွေက ဖြစ်တယ်။ ၂၀၁၃ ခုနှစ်မှာ သူတို့ အဲဒီလုပ်ငန်းကနေ ဒေါ်လာ ၃၅ ဘီလျံ ရခဲ့တယ်ဆိုတာ ဂျီဒီပီရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တယ်လို့ လေ့လာသိရပါတယ်။

ACM Credit To:The Irrawaddy (Burmese Version)
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top