0

ACM Re-Post 24-4-2014

၂ဝ၁၄-၂ဝ၁၅ တက္ကသိုလ်ဝင် တန်းစာမေးပွဲသို့ တစ်နိုင်ငံလုံး ကျောင်းသားကျောင်းသူစုစုပေါင်း ၁၈၈၅၁၇ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး မကြာမီ ဇွန်လဆန်းတွင် ထုတ် ပြန်မည့်တက္ကသိုလ်ဝင်တန်းအောင် စာရင်းတွင် ယခင်နှစ်များ၏ အောင်ချက်ရာခိုင်နှုန်းအောက်လျော့ ကျနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက သုံးသပ်ပြော ကြားသည်။

ယခုလာမည့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် တန်းစာမေးပွဲ စာဖြေမေးခွန်စနစ် ကို နိုင်ငံခြားရောက်ဖြေဆိုသူများ အတွက် မေးခွန်းတစ်စုံနှင့် ပြည် တွင်းဖြေဆိုသူများအတွက် မွေးခွန်း တစ်စုံ စုစုပေါင်းနှစ်စုံသာထုတ် ပြန်မည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီး ဌာန အခြေခံပညာဦးစီး(၁)ဒုတိယ ညွှန်ကြားရေးမှူးဦးစိုးဝင်းထံမှ သိရသည်။

ယခင်ပညာရေးစနစ် တွင် ပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူများအတွက်မေးခွန်း(၁၁)စုံ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြား စာဖြေဌာနများအပြင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအတွက် မေးခွန်းသီးခြားစီထုတ်ပြန်ဖြေဆို စေခဲ့ကြောင်းသိရသည်။

ACM Credit To:The Union Daily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top