0

ACM Re-Post 24-4-2014

ဗိုလ်တထောင်မြို့နယ် မဟာ ဗန္ဓုလလမ်းနှင့် ၅၁ လမ်းထောင့်တွင် မေ ၂၃ ရက်နေ့ ညနေ ၆ နာရီကျော်ခန့် က ညောင်ပင်ပြိုလဲကျခဲ့ပြီး အနီးရှိ ဈေး ရောင်းသူ ၄ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သတင်းရရှိသည်။
အဆိုပါ ဒဏ်ရာ ရရှိသူများအား ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးသို့ အရေး ပေါ် တင်ပို့ခဲ့ပြီး ဆေးကုသလျက်ရှိရာ ၃ ဦးမှာ စိုးရိမ်ရသည့် အခြေအနေ မရှိ သော်လည်း ၁ ဦး ဒဏ်ရာပြင်းထန်သဖြင့် အရှေ့ပိုင်း ဆေးရုံမှ ရန်ကုန်ဆေးရုံကြီး သို့ လွှဲပြောင်း၍ တင်ပို့ထားသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဖြစ်စဉ်တွင် ဆေးရုံသို့ လိုက်လံပို့ဆောင်ပေးသူတစ်ဦးက ''မိုး ကလည်း တော်တော်ရွာနေတယ်။ ဖြစ် ဖြစ်ချင်းပဲ အမျိုးသမီးတစ်ယောက်က ခေါင်းကို ရိုက်မိတာ သွေးထွက်နေတာ များတယ်။ ကျွန်တော်ပဲ ကားပေါ်ပွေ့ တင်ပြီး ဆေးရုံလိုက်ပို့ကြတယ်။ အား လုံးလိုက်ပို့တာ ဆယ်ယောက်လောက် တော့ ရှိမယ်ထင်တယ်''ဟု ၄င်းက ပြော သည်။
ဆက်လက်၍ ၄င်းညောင်ပင်ပြိုလဲ ကျရာတွင် အနီး၌ ဈေးရောင်းသော အမျိုးသမီးတစ်ဦးက ''မနက်ဆိုင်ဖွင့် တော့ အမြစ်တွေ ခုတ်ထားတော့ စိတ် ထဲ မသင်္ကာဘူး။ စည်ပင်က ကားပါကင် လုပ်ဖို့ ခုတ်ထားတာ ပြောတယ်။ မိုးရွာ တော့ ရေစီးဝင်ပြီး အမြစ်က ကုတ်အား မရှိတော့ လဲတာပေါ့''ဟု ၄င်းက သူ့အ မြင်ကို ပြောသည်။ ထိုညောင်ပင်မှာ လုံးပတ် ဆယ့် ငါးပေခန့်နှင့် အမြင့်မှာ ပေငါးဆယ်ခန့်ရှိ ပြီး အရှေ့မှ အနောက်သို့ ပြိုလှဲခဲ့သည့် အတွက် ဈေးရောင်းချနေသော အမျိုး သားနှစ်ဦးနှင့် အမျိုးသမီးတို့မှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း
ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

အောင်ဇော်ထူး

ACM Credit To:Popular Myanmar News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top