0

ACM Re-Post 26-5-2014

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးရန် ပြင်ဆင်နေသည့် အော်ရီဒူးက လက်ရှိ အချိန်အထိ မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် ၁၀၀ ကျော် တည်ဆောက်ပြီး ဖြစ်ကြောင်း အော်ရီဒူးမြန်မာမှ အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က The Voice သို့ ပြောကြားသည်။

“ဆင်းမ်ကတ် စရောင်းတဲ့ အချိန်မှာ တာဝါတိုင် ၄၀၀ ကျော်လောက် ပြီးစီးအောင် တည်ဆောက်သွားပါမယ်။ တယ်လီနောတို့လို ဆက်သွယ်ရေး အော်ပရေတာတွေနဲ့လည်း မိုဘိုင်းလ် ကွန်ရက်ထဲမှာ အပြန်အလှန် ချိတ်ဆက် ပြောဆိုနိုင်ဖို့ သဘောတူညီမှု ရထားပါတယ်” ဟု ၎င်းကဆိုသည်။

မြေနေရာရရှိရေး၊ ရုံးလုပ်ငန်းပိုင်း ဆိုင်ရာများ အပါအဝင် အခက်အခဲများကြောင့် တာဝါတိုင် တည်ဆောက်ရာတွင် ပြဿနာအချို့ ရှိခဲ့သော်လည်း ယခုအခါ ဖြေရှင်းပြီး ဖြစ်သောကြောင့် တည်ဆောက်ရေး အပိုင်းကို အရှိန်မြှင့် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အော်ရီဒူးမြန်မာထံမှ သိရသည်။

အခြား ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် တယ်လီနောကမူ ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် တာဝါတိုင် ၇၀၀ ကျော် အပြီးတည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၂၄၀၀ အထိ တည်ဆောက်မည် ဖြစ်ကြောင်း ဆိုထားသည်။

အော်ရီဒူးမြန်မာ ကုမ္ပဏီသည် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ရန်အတွက် ဂျမေကာ ဆက်သွယ်ရေးကုမ္ပဏီ Digicel နှင့် ပြည်တွင်းမှ FMI ကုမ္ပဏီတို့ ပူးပေါင်း တည်ထောက်ထားသည့် Myanmar Towers ကုမ္ပဏီကို တာဝန်ပေးထားသည်။

“အခုချိန်အထိ တာဝါတိုင် ၁၀၀ ကျော်ပဲ ပြီးသေးတယ် ဆိုတော့ နည်းတယ်လို့တော့ မြင်တယ်။ သူတို့ ပြောထားတဲ့ အတိုင်းတော့ အဆင်ပြေအောင် လုပ်မယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မလုပ်နိုင်ရင် ဝန်ကြီးဌာနက ဒဏ်ကြေး ရိုက်မှာလေ။ အော်ပရေတာ အချင်းချင်း တာဝါတိုင်တွေ မျှဝေ သုံးစွဲခွင့်ရမယ် ဆိုတော့ ဆိုးဆိုးဝါးဝါးကြီးတော့ ဖြစ်မယ် မထင်ဘူး ထင်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အော်ရီဒူးသည် ယခုနှစ် တတိယ သုံးလပတ် ကာလအတွင်း ဆင်းမ်ကတ်များ စတင် ရောင်းချမည် ဖြစ်ကြောင်း ကြေညာထားသည်။

Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top