ACM Re-Post 28-5-2014
အခြေခံဥပဒေ ပြင်ဆင် ရေး လက်မှတ်ရေထိုးပွဲများ နေပြည်တော်၌ စတင်ချိန်တွင် ရေဆင်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကို အဆိုပါနေရာများသို့ မသွားရောက်ရန် တား မြစ်ထားသည်ဟု သိရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
‘‘ရေဆင်းတက္ကသိုလ်ကဆို အခုသုံးရက်ကို ခွင့်မပေးဘူး။ ခွင့် မပေးတာတော့ မလုပ်သင့်ပါဘူး။ နိုင်ငံမှာ လူတိုင်းက ကိုယ့်ကိုယ် ပိုင်လွတ်လပ်ခွင့်ရှိတယ်။ ဒီသုံး ရက်အတွင်း လာတက်ခွင့်မရှိ လည်း နောက်ရက်တွေမှာ လက် မှတ်ထိုးပေးကြပါ။ လူတိုင်းလူ တိုင်းဟာ ဘယ်ဥပဒေမှ မချိုး ဖောက်ရင် လုပ်ပိုင်ခွင့်ရှိပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ သို့သော် ရေဆင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွဋ်ကမူ ကျောင်းသူ၊ ကျောင်းသားများ မပါဝင်စေရန် သုံးရက်ဆက်တိုက် အပြင်ထွက် ခွင့်မပေးခြင်းမှာ မဟုတ်မှန် ကြောင်း ပြောသည်။
‘‘ကျောင်းထဲမှာ မလုပ်တဲ့ အတွက် ကျောင်းသားတွေနဲ့ လည်း သက်ဆိုင်တယ်လို့ မထင် ပါဘူး။ ကျောင်းပိတ်ထားတာတို့၊ ကျောင်းသားတွေကို ကန့်သတ် ထားတာတော့ မလုပ်ပါဘူး။ တ ကယ်လို့ ကျောင်းပိတ်ထားတယ် ဆိုခဲ့ရင်တောင် ကျွန်တော့်ဆီကို စာပို့ပြီး အကြောင်းကြားပေးရ မှာ ဖြစ်ပါတယ်။ ကျောင်းထဲမှာ ကျောင်းသားတွေကို အေးအေး ချမ်းချမ်းနဲ့ပဲ စာသင်ခွင့်ပေးချင် ပါတယ်။ တကယ်လို့ အပြင်ထွက် ချင်ရင် ဆိုင်ကယ်တွေ၊ ကားတွေ စီးရမှာဖြစ်တဲ့အတွက် အန္တရာယ် ရှိတဲ့အတွက်ကြောင့်ပါ။ ကျောင်း ထဲက ၀န်ထမ်းတွေနဲ့ ကျောင်း သားတွေကို ပိတ်ပင်ထားတာ တော့ မလုပ်ပါဘူး။ မိဝေးဖဝေးနဲ့ နေရတဲ့ကျောင်းသားတွေအတွက် ငြိမ်းငြိမ်းချမ်းချမ်းပဲ ထားချင်ပါ တယ်။ ကျောင်းထဲမှာ မလုပ်တဲ့ အရာတွေအတွက် ဘာမှမသိပါ ဘူး’’ ဟု ၎င်းက ရှင်းပြသည်။
သို့သော် ကျောင်းသား၊ ကျောင်းသူများ လာရောက်လက်မှတ် မထိုးနိုင်ရန် မေလ ၂၇၊ ၂၈၊ ၂၉ ရက်များတွင် သုံးရက်ဆက် တိုက် ကျောင်းသူ၊ ကျောင်းသား များ အပြင်မထွက်ရန် ပိတ်ပင်ထားမှုများရှိနေကြောင်း ရေဆင်းကျောင်းမှ ကျောင်းသားအချို့က ပြောသည်။ ယင်းတက္ကသိုလ်သည် ယခင်ပုံမှန်ကျောင်းချိန်များတွင
Aye Chan Mon Credit To:http://www.7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment