0

မဇ္ဈိမသတင်းဌာန

ရန်ကုန်၊ မဇ္ဈိမ။ ။ မေလ ၂၁ရက် နံနက်ပိုင်းက ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း) ကွယ်လွန်သည့် သတင်းများ ထွက်ပေါ်ဟုဆိုကာ DVBသတင်းဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည့် သတင်းမှာ မှန်ကန်မှု မရှိဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြန်လည် ရှင်းလင်းလိုက်သည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ကွယ်လွန်ခြင်း မဟုတ်မှန်သလို နေပြည်တော် ကုတင် ၁၀၀၀ စစ်ဆေးရုံသို့လည်း တက်ရောက်လာခြင်း မရှိဟု
မိသားစုဝင်များက ဆိုကြောင်းနှင့် နေအိမ်တွင်ပင် ကျန်းကျန်းမာမာရှိနေကြောင်း သတင်းများလည်း လူမှုကွန်ယက်တွင် အသီးသီး တက်လာသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း) ကွယ်လွန်သည်ဟု သတင်းထွက်ဆိုသော သတင်းတွင် ဝမ်းနည်းကြေကွဲသည့် Comment(မှတ်ချက်)များ အများအပြားမတွေ့ရသော်လည်း ထိုသတင်း မဟုတ်မှန်ဆိုသည့် ဖြေရှင်းသည့် သတင်းတွင်မူ ဝမ်းနည်းကြောင်း Comment အများစုကို တွေ့ရှိရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း)နှင့် ပတ်သက်၍ ယခုကဲ့သို့ အလားတူ သတင်းမျိုး ၂၀၁၃ခုနှစ် စက်တင်ဘာလကလည်း ထွက်ပေါ်ခဲ့သေးသည်။ ယင်းအချိန်
မတိုင်မီက ဒု-ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)မှာ စင်္ကာပူနိုင်ငံတွင် သွားရောက်ဆေးကုသခဲ့ရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း) သည် ဗိုလ်ချုပ်ကြီး(ဟောင်း) ခင်ညွန့် ထိန်းသိမ်းခံရပြီးနောက်ပိုင်း သြဇာပိုမို ရရှိလာသူဖြစ်သည်။

ACM Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top