၂ဝ၁ဝနောက်ပိုင်း ရန်ကုန်မြို့ကြီးနဲ့ တခြားမြို့ကြီးတချို့မှာ အဆင့်မြင့်ရုပ်ရှင်ရုံ (DCP ရုပ်ရှင်ဇာတ်ကားတွေကို ပြသနိုင်တဲ့ရုပ်ရှင်ရုံ)တွေ ပေါ်ပေါက်လာပါတယ်။
အဲဒီအထဲမှာ အဆင့်မြင့် ရုပ်ရှင်ရုံ DCP စနစ်ပြသနိုင်တဲ့ရုပ်ရှင်ရုံတွေကို မင်္ဂ လာရုပ်ရှင်ရုံ အုပ်စုနဲ့ Junction ရုပ်ရှင်ရုံအုပ်စုတို့က အများဆုံးပြုပြင်ပြောင်း လဲလာနိုင်ခဲ့ပါတယ်။
မင်္ဂလာရုပ်ရှင်ရုံအုပ်စုအနေနဲ့ နောက်ထပ်အဆင့်မြင့်ရုပ်ရှင်ရုံ(မင်္ဂလာစံပြရုပ်ရှင်
ရုံကြီး)ကို ၂ဝ၁၄ ခုနှစ် မေ ၃ ရက်နေ့မှာ စတင်ဖွင့်လှစ်ပြသ မှာဖြစ်ပါတယ်။ မင်္ဂလာစံပြရုပ်ရှင်ရုံ ကြီးအတွင်းမှာ 2D ရုပ်ရှင်ရော၊3D ရုပ်ရှင်ရော ပြသနိုင် တဲ့ နောက်ဆုံးပေါ်အရုပ်အသံအရည်အသွေးကောင်းမွန်သော Digital စက်သစ် ကြီးများနဲ့ DCP စနစ်ရုပ်ရှင်ဇာတ်ကားကြီးများကို ပြသနိုင်တာမို့ ရုပ်ရှင်အရသာပြည့်စွာနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။
မင်္ဂလာစံပြရုပ်ရှင်ရုံဖွင့်ပွဲအနေနဲ့ ဒါရိုက်တာဝိုင်းရိုက်ကူးပြီး နေတိုး၊ ဖွေးဖွေးတို့ အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ " ကျွန်မက နှင်းဆီပါမောင်" DCP စနစ်နဲ့ ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားကြီးကို အထူးပွဲအနေနဲ့ ပြသမှာ ဖြစ်ပါတယ်။ အခုလိုအဆင့်မြင့် DCP စနစ်သုံးရုပ်ရှင်ဇာတ်ကားတွေကို ရုံတင်ပြသနိုင်တဲ့ ဒစ်ဂျစ် တယ်အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေ ပေါ်ပေါက်လာ တာနဲ့ပတ်သက်ပြီး မြန် မာနိုင်ငံရုပ် ရှင်အစည်းအရုံး ဒု-ဥက္ကဋ္ဌဦးအေးကြူလေးက..
" အခုလို ရုပ်ရှင်ရုံတွေ အများကြီးလိုအပ်နေပါတယ်။ ရှိပြီးသား ရုပ်ရှင်ရုံတွေဟာ အခုလက်ရှိမှာ တဖြည်းဖြည်းနဲ့ ပျောက်နေတယ်။ နောက်ပိုင်းရိုက်လာတဲ့
မြန်မာရုပ်ရှင်အတော်အများဟာလည်း DCP စနစ်နဲ့ ရိုက်ကူးလာနေပြီ။ အဲဒီလို ရိုက်နိုင်တဲ့ မြန်မာဇာတ်ကားတွေ ရှိမလာဘူးဆိုရင်တော့ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ နိုင်ငံခြားဇာတ်ကားတွေချည်းပဲ အစားထိုးပြသနေကြလိမ့်မယ်။ အခုရန်ကုန်မှာပဲ ဒီလိုအဆင့်မြင့် ရုပ်ရှင်ရုံတွေ ရှိနေလို့ မရဘူး။
နယ်တွေမှာလည်း ဒီလိုရုပ်ရှင်ရုံတွေပေါ်လာမှရမယ်။ ရုပ်ရှင်ရုံကို အခုလိုအဆင့်မြင့်ဖို့ဆိုတာ ကျပ်သိန်း၂ဝဝ ဝကနေ ၄ဝဝဝကြားရှိ တော့ ရုံပိုင်ရှင်တွေကလည်း ဘယ်နှနှစ်အတွင်းမှာ ပြန်ရနိုင်မလဲဆိုတာ ကို တွက်နေရတယ်။ ရုံပိုင်ရှင်တွေလို အပ်မယ့်ငွေကြေးကို အထိုက် အလျောက်ချေးငွေထုတ်ပေးမယ်ဆိုရင်တော့ အနှေးနဲ့အမြန် ရုပ်ရှင်ရုံ တွေ
ပြောင်းလဲလာမယ်ထင်တယ် " လို့ ပြောပြခဲ့တယ်။
ထက်လူလူ
Aye Chan Mon# Credit To : Popular Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment