0

ACM Re-Post 29-5-2014

စစ်အာဏာသိမ်းပြီးနောက် ဖြုတ်ချခံခဲ့ရသော ထိုင်းအစိုးရ ပညာရေးဝန်ကြီး ချက်တူရွန်ချိုင်ဆန်းကို အာဏာသိမ်းစစ်တပ်က ဗုဒ္ဓဟူးညတွင် အာမခံဖြင့် ပြန်လွှတ်ပေးရန် ငြင်းပယ်ခဲ့သည်။

ဘန်ကောက်ပို့စ်သတင်း၏ အဆိုအရ ထိုင်းစစ်ခုံရုံးသည် ချက်တူရွန်အား ၁၂ ရက်ခန့် ထပ်မံထိန်းသိမ်းရန် စုံစမ်းစစ်ဆေးရေးမှူးတစ်ဦး၏ တောင်းဆိုမှုကို အတည်ပြုခဲ့ကြောင်း ဆိုသည်။

ချက်တူရွန်သည် စစ်အစိုးရ၏ ဆင့်ခေါ်မှုများကို ဖီဆန်ခြင်းနှင့် နိုင်ငံကို မတည်ငြိမ်စေမည့် ထုတ်ပြန်ပြောဆိုမှုများ လုပ်ခဲ့မှုဖြင့် ထိုင်းစစ်တပ်၏ ထိန်းသိမ်းခြင်း ခံခဲ့ရကြောင်း ဆိုသည်။

သို့သော် ပညာရေးဝန်ကြီး ချက်တူရွန်ကမူ စွဲချက်များကို ငြင်းဆန်ထားသည်။

၎င်းသည် စစ်တပ်အာဏာသိမ်းပြီး နာရီပိုင်းအတွင်း အာဏာသိမ်း စစ်တပ်သို့ လာရောက်သတင်းပို့ရန် ဆင့်ခေါ်ခံရသူများအနက် တစ်ဦးဖြစ်သည်။

သို့သော် စစ်တပ်၏ ဆင့်ခေါ်မှုကို ငြင်းဆန်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲလုပ်ကာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ၎င်းက ထုတ်ဖော်ခဲ့သည်။

ထို့နောက် ၎င်းသည် ထိုင်းရှိ နိုင်ငံခြား သတင်းထောက်များ ကလပ်တွင် စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို သတင်းထောက်များ ရှေ့တွင်ပင် ခံခဲ့ရသည်။

—Ref: Channelnewsasia

စစ်ဘက်က ဆင့်ခေါ်ခဲ့သော်လည်း သတင်းပို့ရန်ငြင်းဆန်ပြီး ပုန်းရှောင်နေခဲ့သော ထိုင်းပညာရေးဝန်ကြီးဟောင်း ချာတူရွန်ချိုင်ဆန်းကို မေလ ၂၇ ရက်က ဘန်ကောက်မြို့တွင် ဖမ်းဆီးထိန်းသိမ်းစဉ် စစ်သားများနှင့် သတင်းထောက်များ ဝိုင်းအုံနေသည်ကို တွေ့ရစဉ် (Damir Sagolj /REUTERS)

Aye Chan Mon Credit To: 7Day News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top