0

ACM Re-Post 24-4-2014

Author: အောင်သစ်လွင်

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ် နေသော မုန်တိုင်းငယ်သည် ရခိုင် ကမ်းရိုးတန်းဘက်သို့ ရွေ့လျား လာရာမှ မေလ ၂၃ ရက်နံနက် ပိုင်းတွင်စတင်၍ နောက်ကြောင်း ပြန်ရွေ့လျားသွားခဲ့ပြီး လေဖိအားနည်း ရပ်ဝန်းအဖြစ်အားလျော့သွားပြီဖြစ်ကြောင်း မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်က ပြောသည်။

‘‘မုန်တိုင်းငယ်အဆင့်တောင်မရှိတော့ပါဘူး။ အားပျော့သွားပါပြီ။ နိုင်ငံတကာမိုးလေဝသဌာနတွေကလည်း မုန်တိုင်း အဆင့်မရှိတော့တဲ့အတွက် နောက်ထပ်မုန်တိုင်းသတင်း ထပ်မထုတ်တော့ဘူးလို့ ကြေညာသွားပါပြီ။ ဒါပေမဲ့ ကမ်းရိုးတန်းဒေသတွေမှာတော့ လေပြင်းအန္တရာယ် သတိထားဖို့လိုပါသေးတယ်’’ ဟု ပြောသည်။

မိုး/ဇလဌာန၏ မေလ၂၃ ရက် ညနောက်ဆုံးသတင်းထုတ်ပြန် ချက်တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ လေဖိအားနည်း ရပ်ဝန်းအဖြစ် ဆက်လက်ရှိနေ သေးပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် တစ်နာရီလေ တိုက်နှုန်းမိုင် ၄၀ ခန့်ဖြင့် မိုးသက် လေပြင်းကျနိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကလည်းကမ်းရိုးတန်းသွား ရေယာဉ်များ လေပြင်းအန္တရာယ် ရှောင်ရန်သတိပေးချက်ထုတ်ပြန်ထားသည်။

‘‘မုန်တိုင်း အန္တရာယ် မရှိ တော့ဘူးဆိုလို့ စိတ်ချမ်းသာရပါ တယ်။ ဒီတစ်ခါမုန်တိုင်းသတိ ပေးချက်ထုတ်ပြန်တာကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့မို့လို့ မုန်တိုင်း အန္တရာယ်စက်ကွင်းထဲ ရှိနေတဲ့ ဒေသခံ တစ်ယောက်အနေနဲ့ အားရှိပါတယ်’’ ဟု လပွတ္တာမြို့ နယ် ပြင်စလူမြို့နယ်ခွဲမှ ဒေသခံ ဦးလှမိုးက ပြောသည်။

၂၀၁၃ မိုးကြိုကာလကလည်း ဘင်္ဂလားပင်လယ်အော်တွင်ဖြစ် ပေါ်ခဲ့သော မဟာဆင်မုန်တိုင်း သည် ရခိုင်ကမ်းရိုးတန်းဘက်သို့ ဦးတည်ရွေ့လျားလာခဲ့ပြီး မောင်တောကမ်းခြေအနီးမှဖြတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းကမ်းခြေသို့ ဝင်ရောက်သွားခဲ့ဖူးသည်။

ACM Credit To: http://www.7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top