နေပြည်တော်၊ မေ ၁၄
၂၀၁၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နေ့လည် ၁ နာရီ ၅ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတွင် တဲ(၃)လုံးအား မြန်မာ့သစ်ထုတ်လုပ်ရေးစခန်းရှိဆင်မှ ၀င်ရောက်ဖျက်ဆီး၍ လူ(၂)ဦး သေဆုံးသွားကြောင်းသတင်းအရ အင်ပင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ၀ါးခုတ်ရန်ရောက်ရှိနေသော မြန်အောင်မြို့၊ ညောင်ခြေထောက်ကျေးရွာနေ ဦးတင်ဌေး(၅၀)နှစ်ပါ(၂)ဦးနေထိုင်သည့် တဲ(၂)လုံးနှင့် အုတ်ပုံကျေးရွာနေ ဦးညီငယ်(၂၃)နှစ်ပါ (၈) ဦးနေထိုင်သည့် တဲ(၁)လုံးတို့အား “နိုင်စော” အမည်ရှိ ဆင်မှဝင်ရောက်ဖျက်ဆီးခဲ့ရာ တဲအတွင်းအိပ်ပျော်နေသည့် ဦးတင်ဌေးနှင့် ဦးညီငယ်တို့(၂)ဦးမှာ ဆင်နင်းခံရ၍ ဒဏ်ရာများရရှိသေဆုံးသွားကြောင်း သိရှိရပြီး အင်ပင်နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၄)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Aye Chan Mon# Credit To :ရဲဇာနည်
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment