0

ACM Re-Post 24-4-2014

ရန်ကုန်မြို့တွင် ရုံးခန်းဖွင့် လှစ်ထားသည့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီ ဆက်၏ ရုံးခန်းခြံနေရာငှားရမ်းခ နှုန်းမှာ ရန်ကုန်အိမ်ခြံမြေလောက တွင် ငှားရမ်းခနှုန်း အမြင့်ဆုံး ဖြစ် နေကြောင်း အိမ်ခြံမြေလုပ်ငန်း ရှင်များက ပြောကြားသည်။

မေလ ၂၁ ရက်က UNICEF ၏ အရှေ့အာရှပစိဖိတ်ဒေသရုံး ချုပ်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်တွင် ငှား ရမ်းပြီး ရုံးခန်းဖွင့်လှစ်နေသည့် UNICEF ရုံးခန်းငှားခမှာ တစ်လ လျှင် အမေရိကန်ဒေါ်လာ ၈၇,၀၀၀ (ကျပ်သိန်း ၈၀၀ ခန့်) ရှိကြောင်း ထုတ်ပြန်လိုက်ပြီးနောက် ရန်ကုန် တွင် အမြင့်ဆုံးငှားရမ်းခနှုန်းထား ဖြစ်နိုင်ကြောင်း အိမ်ခြံမြေလုပ် ငန်းရှင်များက တအံ့တသြပြော ဆိုလိုက်ခြင်းဖြစ်သည်။

‘‘ကျွန်တော်အိမ်ခြံမြေလုပ် သက် ၁၅ နှစ်အတွင်းမှာ ဒီလိုအ ငှားဈေးနှုန်းမျိုးတစ်ခါမှာ မကြား ဖူးဘူး။ ဈေးက အရမ်းများတယ်။ ရန်ကုန်မှာ အများဆုံးလို့ထင် တယ်’’ ဟု စိုင်းခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်ကုမ္ပဏီမှ မန် နေဂျင်းဒါရိုက်တာ ဦးစိုင်းခွန် နောင်ကပြောသည်။

စတုရန်းပေ ၃၃၀၀၀ ကျယ် ၀န်းသည့် ယူနီဆက်၏ ရုံးခန်း သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ် ထားပြီး တစ်လလျှင် ငှားရမ်းခ ဒေါ်လာ ၈၇,၀၀၀ နှုန်းဖြင့် ခုနစ်နှစ်စာချုပ် ချုပ်ဆိုထားကြောင်း ယူနီဆက်၏ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

တစ်လလျှင် သိန်း ၈၀၀ ခန့် ဖြင့် ငှားရမ်း၍ ရုံးခန်းဖွင့်လှစ်နေသည့် အဆိုပါ ရုံးခန်း၏ ဈေးနှုန်းမှာ လွန်စွာ များပြားနေ ပြီး ရွှေတောင်ကြားရပ်ကွက်တွင် ယေဘုယျအားဖြင့် တစ်လလျှင် ငှားရမ်းခသိန်း ၆၀ မှ သိန်း ၃၀၀ ကျော်အထိသာ အငှားလောက တွင် အလုပ်ဖြစ်ကြောင်း ဗဟန်း မြို့နယ် အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင် ဦးဝင်းမြင့်စိုးက ရှင်းပြသည်။

အစိုးရက ပြီးခဲ့သော ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက် က စတင်သတ်မှတ်လိုက်သည့် အိမ်ခြံမြေစံနှုန်းထားဖြင့် သတ် မှတ်ပါက ယင်းဗဟန်းမြို့နယ် တွင် အရောင်းအ၀ယ်ပြုလုပ်ပါက တစ်ပေပတ်လည်လျှင် ကျပ် နှစ် သိန်းခုနစ်သောင်းမှ သုံးသိန်းနှစ် သောင်းအထိရှိပြီး အငှားဈေး နှုန်းတွင်မူ တစ်ပေပတ်လည်လျှင် ခြောက်သောင်းမှ တစ်သိန်းဝန်း ကျင်အထိသာ သတ်မှတ်ထား သည်။

လက်ရှိရန်ကုန်တွင် ငှားရမ်း ခအမြင့်ဆုံးနှုန်းထားဖြစ်နေသည့် ယူနီဆက် ရုံးခန်းအနေဖြင့် ပြီးခဲ့ သည့်နှစ်က ရန်ကုန်မြို့ကုန်သည် ကြီးများဟိုတယ်(ယခု ဆူးလေ ရှန်ဂရီလာ ဟိုတယ်) တွင် တစ်လလျှင် အမေရိကန် ဒေါ်လာ ၄၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့ပြီး ပြီးခဲ့သည့် သုံးနှစ်ကထက် ဈေး နှုန်း နှစ်ဆကျော်မြင့်တက်လာ ခြင်းကြောင့် ရန်ကုန်တွင် ထပ်မံ ရှာဖွေငှားရမ်းပြောင်းရွှေ့နေထိုင် ခဲ့ခြင်းဖြစ်ကြောင်း ယူနီဆက်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ACM Credit To:http://www.7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top