0

ACM Re-Post 28-5-2014

နိုင်ငံသားလုပ်ငန်းရှင်များက ပြည်တွင်းရှိ ဆောက်လုပ်ရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း အပါအ၀င် ကဏ္ဍပေါင်း ၁၁ ခုတွင် ၀င်ရောက်မြှုပ်နှံထားသည့် ပမာဏ စုစုပေါင်းကျပ် ၄၄၉၂ ဘီလျံကျော်အထိ ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပမာဏစုစုပေါင်းမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေ စတင်ပြဋ္ဌာန်းခဲ့သည့် အချိန်မှစ၍ ယခု ၂၀၁၄ ခုနှစ် ဧပြီလကုန်အထိ မြှုပ်နှံမှုတန်ဖိုးဖြစ်ပြီး လက်ရှိထုတ်ပြန်ထားသည့် စာရင်းများအရ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြှုပ်နှံငွေ စုစုပေါင်း ၁၂၄၇ ဘီလျံကျော်ဖြင့် အများဆုံး မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။

လုပ်ငန်းများအား နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၃၇၀၀၀ ကျော်အထိရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် မတ်လကုန်အထိ စာရင်းများအရ စုစုပေါင်းမြှုပ်နှံမှု ပမာဏမှာ ကျပ် ၂၇၇၄ ဘီလျံကျော်ဖြစ်ပြီး ယခု ၂၀၁၄ ခုနှစ် ဧပြီလကုန်အထိ စာရင်းအရ စုစုပေါင်းမြှုပ်နှံမှု ပမာဏမှာ ကျပ် ၄၄၉၂ ဘီလျံကျော်ရှိခြင်းကြောင့် တစ်နှစ်ကျော်အတွင်း ကျပ် ၁၇၀၀ ဘီလျံကျော် တိုးတက်မြှုပ်နှံမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံသားလုပ်ငန်းရှင်ကြီးများ ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားသည့် လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ဆောက်လုပ်ရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ၊ သယ်ယူပို့ဆောင်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုဇုန်နှင့် အခြားလုပ်ငန်းတို့ဖြစ်ပြီး ဒုတိယအများဆုံး ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားသည့် ကဏ္ဍမှာ ဆောက်လုပ်ရေးလုပ်ငန်းဖြစ်ပြီး တတိယအများဆုံး မြှုပ်နှံသည့်ကဏ္ဍအဖြစ် ဟိုတယ်နှင့် ခရီးသွားကဏ္ဍက ရပ်တည်နေကြောင်း သိရသည်။

အစိုးရသစ်လက်ထက်တွင် လပေါင်း ၃၀ အတွင်း ကဏ္ဍစုံ၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံသားစီးပွားရေး လုပ်ငန်းရှင်များကို စီးပွားရေးနယ်ပယ် အသီးသီးတွင် မြှုပ်နှံခွင့်ပြုခဲ့သည့် ပမာဏမှာ ကျပ်ဘီလျံပေါင်း ၃၀၀၀ နီးပါးအထိ ရှိလာခဲ့သည်။

သို့သော် ရင်းနှီးမြှုပ်နှံသည့်ငွေများမှာ ၀င်ငွေရလမ်းပြနိုင်သောငွေများ ဟုတ်မဟုတ် စိစစ်မှုမရှိဘဲ မြှုပ်နှံခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်အချို့ကပင် ထုတ်ဖော်ပြောကြားထားသည်။

အကယ်၍ စိစစ်ခဲ့မည်ဆိုပါက ယခုလပေါင်း ၃၀ အတွင်း မြှုပ်နှံသည့် ငွေပမာဏ ကျပ်ဘီလျံ ၃၀၀၀ ကျော်စလုံး ရလမ်းမပြနိုင်သည့် ငွေများဖြစ်ခဲ့လျှင် နိုင်ငံတော်အနေဖြင့် အခွန်ပြန်စည်းကြပ်ပါက ကျပ်ဘီလျံ ၁၀၀၀ နီးပါးအထိ နိုင်ငံတော် အခွန်ရမည်ဖြစ်သည်။

မြှုပ်နှံငွေများထဲတွင် ငွေဖြူထက်ဝက် ပါစေကာမူ အနည်းဆုံး ကျပ်ဘီလျံ ၅၀၀ ခန့်အထိ အခွန်ငွေရမည်ဖြစ်ပြီး ယခုမစိစစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် အခွန်ငွေ ကျပ်ဘီလျံ ၅၀၀ မှ ၁၀၀၀ အထိ နစ်နာခဲ့ရပြီ ဖြစ်သည်။

အချို့ မြှုပ်နှံသည့် ငွေများထဲတွင် ငွေကြေးခ၀ါချလိုသည့်ငွေများ ပါဝင်နေသည်ဟုလည်း ပြင်ပတွင် ဝေဖန်မှုအချို့ ထွက်ပေါ်နေကြောင်း သိရသည်။

(နိုင်ငံသားကုမ္ပဏီတစ်ခုက ကြယ်ငါးပွင့်အဆင့်ဟိုတယ်နှင့် အခြားအဆောက်အအုံများ ဆောက်လုပ်ခွင့်ရထားသည့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (၀င်းဟောင်း) ကို တွေ့ရစဉ်)

Aye Chan Mon Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top