0

ရန်ကုန်၊ မေ ၁၂

ပြည်တွင်းပြည်ပ ဆက်သွယ်ရေး အော်ပရေတာများက ပြည်သူများထံသို့ SIM Card ရောင်းချရာ၌ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ အတည်ပြုရန် ပြည်သူများထံမှ အကြံပြုချက်များ ရယူမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရှိရသည်။

“အရင်ကလည်း နည်းဥပဒေ ရေးဆွဲတာနဲ့ ပတ်သက်ပြီး ပြည်သူတွေဆီက အကြံပြုချက် ရယူဖူးပါတယ်” ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဆင်းမ်ကတ် ရောင်းချရာတွင် အသုံးပြုရမည့် စည်းမျဉ်းများ (Code of Practice) နှင့် ပတ်သက်၍ အကြံပေးလိုလျှင် မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီ နောက်ဆုံးထား၍ အကြံပြုနိုင်ကြောင်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ရေးဆွဲထားသည့် Code of Practice အချက်အလက် မူကြမ်းကိုwww.mcit.gov.mm တွင် ဖော်ပြထားကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“အကြံပြုချက် တောင်းထားပေမယ့် အချက်အလက်တွေကို မြန်မာလို ဖော်ပြမထားဘူး။ ပြီးတော့ Website ပေါ်မှာပဲ ထားတယ်။ တကယ်ပြည်သူတွေရဲ့ အကြံပြုချက်တွေ လိုချင်ရင် အဲဒီလို အဖြစ်မလုပ်နဲ့။ ဆင်းမ်ကတ်ဆိုတာ နောက်ဆို လူတိုင်းနဲ့ ဆိုင်တဲ့ ပစ္စည်း ဖြစ်တော့မှာ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်ပကုမ္ပဏီ နှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့မှာ မိုဘိုင်းလ် လိုင်းကတ်များကို ဇူလိုင်လခန့်တွင် စတင် ရောင်းချနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top