0


“အချိန်”ဆိုတာတော့ ကိုယ့်ကိုယ် ဘယ်တော့မှ
လှည့်ကြည့်မှာ မဟုတ်ဘူး။ကုန်ပြီးရင်း ကုန်ရင်းပါပဲ။
ကြည့်ပါလား။
အရာရာတိုင်းဟာ မနေ့တစ်နေ့ကလိုပဲလေ။
မတူတော့ တာကတော့
● မနေ့ကနဲ့ မတူတဲ့ “ရုပ်”၊
● မနေ့ကနဲ့ မတူတော့တဲ့ “အရွယ်”၊
● မနေ့ကနဲ့ မတူတော့တဲ့ “စိတ်”။

ဒီလိုနဲ့ပဲ အမှတ်တမဲ့နေရင်း “အချိန်ရဲ့တိုက်စားခြင်း”ကို
ခံသွားမယ်ဆိုရင်တော့ . . . တစ်ချိန်မှာ
ဆောက်တည်ရာမရှိ ၊အားကိုးစရာမဲ့ဖြစ်ရလိမ့်မယ်။
ပြန်ယူလို့ မရတဲ့ “အချိန်တွေ” ၊
နောက်ပြန်လှည့်လို့ မရတဲ့ “အရွယ်တွေ”အတွက်၊
ကိုယ်လုပ်ထားတဲ့ အလုပ်တွေကပဲ၊ကိုယ့်ဘဝအတွက်
“သံသရာမှာ ထောက်တည်ရာ”ကို ပေးမှာပါ။

ဒါကြောင့် ဘဝ နဲ့ သံသရာမှာ
ထောက်ရာတည်ရာ ရဖို့ အတွက်
● ဘာတွေလုပ်ထားပြီလဲ။
● ဘာတွေလုပ်နေပြီလဲ။
● ဘာတွေလုပ်ဖို့ရှိလဲ။

ဒီမေးခွန်း(၃) ခုကို အောင်မှတ်ရအောင် မဖြေနိုင်သေးရင်တော့၊
ယောင်ဝါးဝါးနဲ့ ဘဝစာမေးပွဲမှာ ကျရှုံးဦးမှာပါပဲ။

-【အရှင်တေဇာနန္ဒ “စေတနာပန်းခင်း ဆရာတော်”】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
Young Buddhist's Association

Post a Comment

 
Top