Published on: April 30, 2014
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၏ ဥက္ကဋ္ဌသစ်အဖြစ် ပါတီအထွေထွေ အတွင်းရေးမှူး ဦးသန်းတင်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
တစညပါတီ၏ ဒုတိယမြောက်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးထွန်းရီသည် ဧပြီ ၄ ရက်က ကွယ်လွန်သွားခဲ့သောကြောင့် ဥက္ကဋ္ဌသစ်ရွေးချယ်မှု ပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါ ဥက္ကဋ္ဌသစ် ရွေးချယ်မှုကို ဧပြီ ၃၀ ရက်က ပြုလုပ်ခဲ့သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှတစ်ဆင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပါတီဖွဲ့စည်းပုံ စည်းမျဉ်းအရ အထွေထွေအတွင်းရေးမှူးကို ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပါတီဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူခဲ့သူ ဦးသန်းတင်မှာ ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပထမဆုံး ဥက္ကဋ္ဌအဖြစ် ဦးသာကျော်က တာဝန်ယူခဲ့ပြီး ဒုတိယမြောက် ဥက္ကဋ္ဌအဖြစ် ဦးထွန်းရီက တာဝန်ယူခဲ့ခြင်းဖြစ်ကာ ဦးသန်းတင်မှာ တတိယမြောက် ပါတီဥက္ကဋ္ဌ ဖြစ်လာမည်ဖြစ်သည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အနေဖြင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၁၃ နေရာ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၀ နေရာ အနိုင်ရရှိခဲ့သည်။
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment