ထိုင်းအစိုးရ အတိုက်အခံ ဆန္ဒပြအဖွဲ့ ခေါင်းဆောင်များအား အစိုးရရုံးရှိ အဆောက်အဦ တစ်ခုတွင် သတင်း စာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရန် ခွင့်ပြုပေးထားသော်လည်း
ဗန်ကောက်မြို့ရှိ အဆိုပါ အစိုးရရုံး လုံခြုံရေးကို စစ်ဘက်နှင့် ရဲတပ်ဖွဲ့က ဆက်လက်ထိန်းချုပ် ဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၁) ခြေလျင်တပ်မမှူး ဗိုလ်ချုပ် Apirat Kongsompong ကပြောကြားခဲ့သည်ဟု သိရသည်။ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲရေး ကော်မတီ(PDRC) ၏ အမာခံအဖွဲ့ဝင်များအား အစိုးရရုံးရှိ Santi Maitree အဆောက်အဦကိုသာ လျှင် သတင်းစာ ရှင်းလင်းပွဲအတွက် အသုံးပြုခွင့် ပေးထားပြီး စစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင်များအား အစိုးရရုံးမှ ရုပ်သိမ်းခဲ့ခြင်း မရှိကြောင်း၊ မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးမှုအစား တိုက်ခိုက်မှုသို့မဟုတ် ထိပ်တိုက်ရင် ဆိုင်မှုဖြစ်ပွားမည်ကို မလိုလားကြောင်းနှင့် နောက်ဆုံးအဆင့် ဖြေရှင်းရန်အတွက်သာလျှင် အင်အားအသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ် Apirat က ပြောကြားခဲ့သည်။ ထို့အပြင် မေ ၁ဝ ရက် ညပိုင်းက အစိုးရရုံးအနီးရှိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေရာတစ်ခုတွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ် ပွားခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Aye Chan Mon# Credit To :မြ၀တီ
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment