0

ACM Re-Post 29-5-2014

ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ဈေးသစ် ၁ဝ ဈေး တိုးချဲ့တည်ဆောက်သွားရန် လျာထားသည်ဟု သိရသည်။

အဆိုပါဈေးများအား ဒဂုံမြို့သစ်ဆိပ်ကမ်း၊ အင်းစိန်၊ သာကေတ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒေါပုံစသည့်မြို့နယ်များတွင် တည်ဆောက်သွားရန် လျာထားသည်ဟု သိရသည်။

အင်းစိန်မြို့နယ်တွင် ဖော့ကန်ဈေးတည်ဆောက်ခြင်း၊ အောင်ဆန်းဈေးတွင် ပျံကျဈေးရုံတစ်ရုံ တည်ဆောက်ခြင်း၊ သာကေတမြို့နယ်တွင် အမှတ် (၃) ဈေး တည်ဆောက်ခြင်း၊ ရွှေပြည်သာမြို့နယ်တွင် ပတ္တမြားဈေးသစ်တည်ဆောက်ခြင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးရှိ ပြည်ထောင်စုခုံးကျော်တံတားဘေး ကျွန်းစိုက်ခင်းနေရာ ပျံကျဈေးသစ်တည်ဆောက်ခြင်းအတွက်၊ လှိုင်သာယာမြို့နယ် ၂ဝ ရပ်ကွက် ၁၂၄ ကားမှတ်တိုင်အနီး ပျံကျဈေးသစ်တည်ဆောက်ခြင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ် စံရိပ်ငြိမ်ဈေးတွင် ပျံကျဈေးရုံတစ်ရုံ တည်ဆောက်ခြင်း၊ ဒဂုံရွှေပြည်ဈေးတွင် ပျံကျဈေးရုံတစ်ရုံ တည်ဆောက်ခြင်း၊ ဒေါပုံမြို့နယ်၊ ဒေါပုံဈေးတွင် ပျံကျဈေးရုံတစ်ရုံ တည်ဆောက်ခြင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကြက်ဘဲဈေးသစ် တည်ဆောက်ခြင်းတို့ကို ပြုလုပ်ရန်လျာထားသည်ဟု သိရသည်။

ထို့ပြင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့ရှိ ဈေးကြီးများ အကြီးစားပြုပြင်ခြင်းလုပ်ငန်းအချို့ကိုလည်း ပြုလုပ်ရန်စီစဉ်နေပြီး ဈေးရုံဟောင်းများအား ပြင်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ ပြုပြင်ခြင်း၊ ရေမြောင်းများ၊ လမ်းများ၊ ခြံစည်းရိုးများပြုပြင် ကာရံခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဥပဓိရုပ်မကောင်းသည့် ဈေးများကိုလည်း ပြင်ဆင်သွားရန် စီစဉ်နေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဈေးကြီး ၁၃ ဈေးအား ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဆီးဂိမ်းအမီ ဆေးသုတ်ခြင်း၊ အချို့အစိတ်အပိုင်းများအား ပြုပြင်ခြင်း၊ မှန်မရှိသည့်နေရာများအား မှန်များလဲလှယ် တပ်ဆင်ခြင်း၊ အမိုးပြုပြင်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ညောင်ပင်လေးဈေး၊ မြေနီကုန်းပလာဇာ၊ သိမ်ကြီးဈေး (ဃ) ရုံ၊ သိမ်ကြီးဈေး(ဂ) ရုံ၊ သိမ်ကြီးဈေး (ဃ) ရုံ၊ သံဈေး၊ မင်္ဂလာဈေးသစ် (ရွှေပြည့်စုံဈေး)၊ ကျောက်မြောင်းဈေး၊ သင်္ဃန်းကျွန်းစံပြဈေး၊ စံပြရန်ကင်းဈေး၊ လှည်းတန်းဈေးနှင့် အင်းစိန်ဈေး တို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း လက်ရှိအခွန်လွတ်ဈေး ၁၁ ဈေးအပါအဝင် ဈေးပေါင်း ၁၇ဝ ကျော်ရှိကြောင်း သိရသည်။

(ရန်ကုန်မြို့တွင်းတစ်နေရာရှိ လမ်းဘေးဈေးသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်))

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top