0
ရိုးမတောင်တန်းတစ်ခုရဲ့ အစွန်နားမှာကပ်လျက်ရှိတဲ့ရွာတစ်ရွာမှာ
ကြည့်လိုက်ရင်တော့ စိုက်ခင်းလေးတွေနဲ့ စိမ်းစိမ်းစိုစိုရှိလှတယ်လို့ ထင်ရပေမယ့်
အချိန်အခါမရွေး ဒီစိုက်ခင်းတွေအုပ်စုလိုက် ၀င်ပြီးစားသောက်နေတတ်တဲ့
တောဝက်တွေရဲ့ရန်ကိုတော့ အစဉ်သဖြင့်ကြောက်နေရတယ်ဆိုတာကိုတော့
ဒီရွာမှရွာသားတွေကလွဲပြီး အခြားအရပ်ကသူတွေကတော့သိနိုင်မှာမဟုတ်ပါဘူး။

ဒီလိုနဲ့ ရွာမှာရှိတဲ့ မူလတန်းလွန်ကျောင်းကို အသစ်ပြောင်းလာတဲ့
ဆရာတစ်ယောက်ရောက်လာတော့ ရွာနီးချုပ်စပ်ကိုလိုက်ကြည့်ပြီး ရွာ၏သာယာသော
ပတ်ဝန်းကျင်ရှု့ ခင်းများကြောင့်ကျေနပ်နေပေမယ့် ရွာမှ ရွာသူရွာသားတွေရဲ့မျက်နှာတွေ
မရွှင်မလန်းဖြစ်မိတာကိုတွေ့ တော့ ဘာလို့ များဒီလောက်သာယာဖို့ ကောင်းတဲ့ရွာလေးက
ရွာသူရွာသားတွေအကုန်လုံးမျက်နှာတွေမလန်းရတာလဲဆိုတဲ့အကြောင်းကို
ရွာသူကြီးကိုမေးလိုက်တော့မှ ရွာသူကြီးက ရွာ၏အဓိက စားဝတ်နေရေးအတွက်
စီးပွားရှာနေရသည်မှာ စိုက်ပျိုးရေးဖြစ်ပြီး ယခုအခါ အရင်မှတစ်ခါမှမလာဖူးသော
တောဝက်များ၏ရန်ကြောင့် စိုက်ခင်းများပျက်စီးဆုံးရှုံးပြီး ရွာသူရွာသားများအားလုံး
အငတ်ဘေးစိုက်ရမည့်အခြေအနေသို့ ရောက်လုနီးပါးဖြစ်နေကြောင်း သိခဲ့ရပါတယ်။

ဒါ့ကြောင့် ကျောင်းဆရာလဲ ရွာသားတွေကိုစုရုံးပြီး တောဝက်တွေကိုဖမ်းရန်
အကျိုးအကြောင်းရှင်းပြကာ ၄င်း၏အကြံအစီကိုပြောလိုက်ပါတော့တယ်။
ဒီလိုနဲ့  တောစပ်နားမှ စိုက်ခင်းတစ်ခုကို ခြံစည်းရိုးခတ်ပြီး တောဘက်ကိုမျက်နှာမူ၍
အပေါက်တစ်ပေါက်ထားကာ ခြံအတွင်းတွင်လည်း စိုက်ခင်းအပြင် အခြားတောဝက်များ
ကြိုက်တက်သော အသီးအရွက်များကိုဖြန့် ခင်းပြီးထောင်ဖမ်းသောအခါ
တောဝက်များလည်း ပုံမှန်အတိုင်း လာရောက်စားသုံးသောအခါ
ပတ်ဝန်းကျင်ကိုသတိမူ ဗီဇကိုမဖျောက်လေ့မရှိသောကြောင့် အစားကိုမြင်လျှင်မြင်ခြင်း
အငမ်းမရစားသောက်သော် သေကြေကြကုန်ပါတော့သည်။

လူတစ်ယောက်၏ ဗီဇသည် ထိုသူ၏ အကျင့်စာရိတ္တဖြစ်သောအခါ
မကောင်းသောဗီဇရှိသူသည် သတိမမူတတ်သောဝက်သည် အသက်အမြန်ပေးရ၍
မကောင်းသောဗီဇရှိပြီး သတိရှိသောကျားမှာမူ သက်ရခက်ပေ၏။
ထို့ ကြောင့် ကောင်းသောအကျင့်စာရိတ္တရှိ၍ သတိမူတတ်သောသူဆိုလျှင်
သည်လောကတွင် တစ်စုံတစ်ဦးကြောင့်သေရန် အခက်ခဲဆုံးသောသူသာဖြစ်ပေလိမ့်မည်။

Aye Chan Mon# Credit To : နည်းစနစ်ကျကျအတွေးအခေါ်
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top