မက်ဒရစ်အိုးပင်း တင်းနစ်ဗိုလ်လုပွဲကို မနေ့က ယှဉ်ပြိုင်ခဲ့ရာမှာ အရုပ်မလေးလို့ တင်စားခံခဲ့ရတဲ့ ရုရှားတင်းနစ်မယ် ရှာရာပိုဗာက ရိုမေးနီးယား တင်းနစ်မယ် ဆိုင်မွန်နာဟာလက်ကို အနိုင်ယူပြီး ချန်ပီယံဖလား ဆွတ်ခူးသွားပါတယ်။ အဖွင့်ပွဲလတ်မှာ ဆိုင်မွန်နာက ပွဲငယ် (၄)ပွဲ ဖြတ်ပြီး (၆-၁)နဲ့ အနိုင်ရခဲ့ပေမယ့် မယုံနိုင်စရာ လက်စွမ်းကောင်း ပြန်ပြနိုင်ခဲ့တဲ့ ရှာရာပိုဗာဟာ လက်ကျန်ပွဲတွေမှာ (၆-၂)၊ (၆-၃)နဲ့ အနိုင်ယူပြီး သူမရဲ့ ကစားသမားဘ၀တစ်လျှောက် ပထမဆုံးအကြိမ် မက်ဒရစ်အိုးပင်းဖလား သိမ်းပိုက်သွားခဲ့တာပါ။ ရှာရာပိုဗာဟာ ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်အကြာကလည်း စတုဂတ်အိုးပင်းမှာ ဆားဗီးယားတင်းနစ်မယ် အီဗန်နိုဗစ်ကို အနိုင်ယူပြီး ဖလားတစ်လုံး ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။
@z (ရိုးရာလေး)
Aye Chan Mon# Credit To : YoYarLay
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment