0

ACM Re-Post 31-5-2014

ဆန္ဒပြမှုများကို နှိမ်နင်းရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စနေနေ့က စစ်သားနှင့် ရဲများကို မြို့ထဲသို့ ပိုမိုတိုး၍ ချထားလိုက်ပြီဖြစ်သည်။

မေလ ၃၀ ရက်က ရုပ်သံမှ မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်ကြီး ပရာယွတ်က စစ်တပ်အနေဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေး ကွဲပြားမှုများကို ရင်ကြားစေ့ရန်နှင့် ပြုပြင်ရေးလုပ်ရန် အချိန်လိုသည်ဟု ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ် ယင်လပ်ကို ဖြုတ်ချခဲ့သည့် ပရာယွတ်က ထိုင်းနိုင်ငံကို ပြန်လည်ပြုပြင်မည့် ၎င်း၏ အစီအမံများအတွက် စိတ်ရှည်ကြရန် နိုင်ငံတကာကို တောင်းဆိုလိုက်သည်။

သို့သော်လည်း နိုင်ငံတကာအစိုးရများကမူ ရွေးကောက်ပွဲအမြန်ဆုံးကျင်းပရန် ထိုင်းအစိုးရကို ဖိအားပေးနေကြသည်။

စင်ကာပူနိုင်ငံတွင် ညီလာခံတစ်ခု၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ်လ်က လွတ်လပ်ပြီး မျှတသော ရွေးကောက်ပွဲများမှတစ်ဆင့် ထိုင်းပြည်သူများအား အာဏာပြန်ပေးပါဟု တိုက်တွန်းခဲ့သည်။

သြစတြေးလျအစိုးရကမူ ထိုင်းစစ်ခေါင်းဆောင်များကို သြစတြေးလျသို့ ခရီးသွားလာခွင့် ပိတ်ပင်ထားလိုက်သည်။

ထိုင်းဗိုလ်ချုပ်ကြီး ပရာယွတ်က ‘‘ကျွန်တော်တို့လည်း ဒီမိုကရေစီကမ္ဘာကြီးမှာ နေတာပါ။ ကျွန်တော်အခုတောင်းဆိုနေတာက ကျွန်တော်တို့ကို ပြုပြင်မှုလုပ်ဖို့ အချိန်ပေးပါဆိုတာပါပဲ’’ဟု ထိုင်းဘုရင်နှင့် မိဘုရားပုံများ ချိတ်ဆွဲထားသည့် နံရံကို နောက်ခံထားသည့် ထိုင်ခံတွင် ထိုင်ပြီး မိန့်ခွန်းပြောကြားသွားသည်။

Ref: REUTERS

Aye Chan Mon Credit To: 7 Days Daily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top