0

ACM Re-Post 29-5-2014

ယူကရိန်း နိုင်ငံအရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းစစ်တပ် ရဟတ်ယာဉ် တစင်းကို ပစ်ချခဲ့တဲ့အတွက် ဗိုလ်ချုပ်ကြီး တဦးအပါအဝင် တပ်သား ၁၄ ဦး သေဆုံးခဲ့ရပါတယ်။ ခွဲထွက်ရေးသမားတွေ ထိမ်းချုပ်ထားတဲ့ Slovyansk မြို့နားမှာ အကြမ်းဖက်သမားတွေက ပုခုံးပေါ်တင်ပစ်ရတဲ့ ဒုံးကျည်သုံးပြီး ရဟတ်ယာဉ်ကို ပစ်ချခဲ့တာလို့ ယူကရိန်း ယာယီသမ္မတ အိုလက်စံဒါ တာချီနော့ဗ် က လွှတ်တော်မှာ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ သေဆုံးရသူတွေထဲမှာ ယူကရိန်းပြည်ထဲရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီး ရှာဟိုင်ရီ ကလပ်ချီ စကီယီ လည်း ပါပါတယ်။

ကြာသပတေးနေ့ အစောပိုင်းကတော့ OSCE ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သား ၄ ဦးကို ဖမ်းဆီးထားကြောင်း ယူကရိန်းအရှေ့ပိုင်းဒေသက ရုရှားလိုလားတဲ့ ခွဲထွက်ရေး အဖွဲ့ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ သူတို့ဟာ ကျန်းကျန်းမာမာ ရှိနေကြောင်းနဲ့ မကြာခင်မှာပဲ ပြန်လွှတ်ပေးဖို့ ရှိတယ်လို့ မြို့တော်ဝန်အဖြစ် ကိုယ်တိုင်ကြေညာထားတဲ့ "ဗီယာချီဆလပ်ဗ် ပိုနိုမာရက်ဗ်"ကပြောပါတယ်။

စောင့်ကြည့် လေ့လာသူတွေ ဒေသတွင်း မလာသင့်ဘူးလို့ OSCE ကို သတိပေးထားပေမယ့် သူတို့ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီဒေသမှာပဲ နောက်ထပ် ၁၁ ဦးပါတဲ့ အဖွဲ့တဖွဲ့ အဖမ်းခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လွတ်လာခဲ့တယ်လို့လည်း OSCE အဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ယူကရိန်းမှာ တင်းမာမှုလျော့ပါးလာစေဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး မြှင့်တင်နိုင်ဖို့ အတွက် စောင့်ကြည့်လေ့လာသူ တွေကို စေလွှတ်နေတာ ဖြစ်ပါတယ်။

Aye Chan Mon Credit To: VOA
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top