0

Published on: May 14, 2014

ဗုဒ္ဓဘာသာရဟန်းတော်များ မဲမပေးရဆိုသည့် ဆုံးဖြတ်ချက်ဟောင်းကို ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး၌ သံဃာတော်များအား ဖြန့်ဝေခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်သည် မြန်မာနှစ် ၁၃၀၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့လုံးကျွတ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးတွင် ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

၎င်းထုတ်ပြန်ချက်နှင့်အတူ မှတ်တမ်းတစ်စောင်လည်းပါဝင်ပြီး ၎င်းမှတ်တမ်းတွင် ဆရာတော်ကြီးများက ရဟန်းတော်များနှင့် သီလရှင်များမဲပေးခြင်းသည် ဘုရားရှင်ပညတ်တော်မူအပ်သော ၀ိနည်းဒေသနာတော်မြတ်နှင့် ဆန့်ကျင်ပြီး သံဃာကွဲပြားမှုဖြစ်စေသဖြင့် မဲပေးခြင်းမပြုလုပ်ကြစေရန် ရန်ကုန်မြို့လုံးကျွတ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးမှ ဆုံးဖြတ်ချက်ရရှိထားပြီးဖြစ်ကြောင်း ပါဝင်သည်။

ရွေးကောက်ပွဲများတွင် သံဃာများ မဲပေးခွင့်မရှိသည်ကို သုံးသပ်ပေးရန် အကြံပြုမှုများရှိခဲ့သည့်အတွက် သံဃာတော်များအနေဖြင့် ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ရန် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေး၏ ဆုံးဖြတ်ချက်ဟောင်းကို သုံးသပ်ချက်များနှင့်တကွ ဖြန့်ဝေပေးခြင်းဖြစ်နိုင်ကြောင်း အစည်းအဝေးသို့ တက်ရောက်လာသည့် သံဃာတော်တစ်ပါးက သုံးသပ်ပြောကြားသည်။

Aye Chan Mon# Credit To : Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
2

Post a Comment

 
Top