0


မို့မို့ကြည် ACM Re-Post 29-5-2014

ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာ့လေကြောင်းက နေ့စဉ်ပြေးဆွဲပေးလျက်ရှိသည့် ရန်ကုန် -နေပြည်တော် ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ခ နှုန်းထားကို ဇွန်လ ၁ရက်မှ စတင်ကာ ကျပ်ရှစ်ထောင် တိုးမြင့်ပြီး ခြောက်သောင်းကျပ်ဖြင့်
ရောင်းချပေးသွားမည်ဟု မြန်မာ့လေကြောင်း လက်မှတ်အရောင်းဌာမှ တာဝန်ရှိသူတစ်ဦးက မေလ ၂၉တွင် မဇ္ဈိမကိုပြောသည်။

လက်ရှိ မြန်မာ့လေကြောင်း၏ ရန်ကုန်- နေပြည်တော်လေယာဉ် လက်မှတ်ဈေးနှုန်းများမှာ ကျပ် ၅၂,၀၀၀ ဖြစ်သည်။

မြန်မာ့လေကြောင်ဦးစီးဌာနသည် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ နိုင်ငံတော်၏ ဘတ်ဂျက်ငွေအထောက်အပံ့ ရရှိမှု မရှိတော့ဘဲ သီးခြားရပ်တည်သော ဌာနတစ်ခုဖြစ်ပြီး ငွေကြေးလိုအပ်ချက်ကြောင့် လေယာဉ်လက်မှတ်ခ နှုန်းထားကို တိုးမြင့်ရခြင်းဖြစ်သည်ဟု လည်း ၎င်းကပြောသည်။

Aye Chan Mon Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top