0


ရန်ကုန်၊ACM Re-Post 26-5-2014

၂၂.၅.၂၀၁၄ရက်နေ့ ၀၀၂၅အချိန်ခန့်တွင် လှိုင်မြို့နယ်၊(၇)ရပ်ကွက်ရှိ “လင်း” ရေခဲစက်တွင် အသုံးပြု သော အမိုးနီးယားဓါတ်ငွေ့အိုး
ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်
အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါရေခဲစက်တွင်အပိုထားရှိသော အမိုးနီးယား
ဓါတ်ငွေ့အိုးမှ ဓါတ်ငွေ့များယိုစိမ့်ကာ ပေါက်ပွဲမှုဖြစ်ပွားခဲ့ခြင်း
ဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် စက်ရုံခေါင်မိုးသွပ်ပွင့်ထွက်သွား
ခဲ့ကြောင်း တွေ့ရှိရပါသည်။

အဆိုပါဓါတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် ရေခဲစက်အလုပ်သမားဖြစ်သူ ဦးကြည်ဝင်း(၄၅)နှစ်၊ ဒေါ်အေးပိုင်၊ (၄၀)နှစ်၊ မောင်ပြည့်ဖြိုးမောင်၊
(၆)နှစ်၊ မောင်ဘိုဘိုအောင်၊ (၄)နှစ်နှင့် ရေခဲစက်အလုပ်သမား
နိုင်လင်းအောင်၊ (၂၄)နှစ်တို့မှာ ဓါတ်ငွေ့များရှုရှိုက်မိကာ အသက်ရှု
မွန်းကြပ်၍ မူးမေ့သွားခဲ့ပြီး နိုင်လင်းအောင်တွင် မျက်နှာနှင့်ခါးတို့၌
ညိုမဲဒဏ်ရာများရရှိခဲ့ပါသည်။ ၎င်းတို့အား ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသခဲ့ရာ ဦးကြည်ဝင်းမှာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်
လည်းကောင်း၊ ကျန်(၄)ဦးမှာ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ်
လည်းကောင်း ကုသမှုခံယူလျက်ရှိပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် ရေခဲစက်တာဝန်ခံ ဦးအုန်းဌေး၊
(၅၃)နှစ်၊ (ဘ)ဦးသိန်းစံအား လှိုင်မြို့မ ရဲစခန်း(ပ)၂၉၁/၂၀၁၄၊
ပြစ်မှုပုဒ်မ ၂၈၆/၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Aye Chan Mon Credit To: Yangon Police
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top