0
ဒီသတင်းဖတ်ပြီး.... အတိတ်စိမ်းလေးထားခဲ့ ပါလို့ တွေးမိတယ်..တော်တော်ရီစရာကောင်းတဲ့ သတင်းဘဲ...... အဝေးပြေးလမး..ကားမောင်းသွားနေသူတွေအတွက်တော့ အဆင့်နိမ့်တဲ့ ..အတွေးလို့ ထင်တယ်...... တကယ်ဆို..အဲ့ ဒိနာနာဘာဝတွေက လမ်းက ...ကွန်ကရစ်ကြောင့်လား......Bitumen မခင်းတာကြောင့်လား ပြောဖို့ ..အတိတ်ဆိမ်းပေးဖို့ ကောင်းတယ်....လမ်းပညာရှင်တွေက အနဲ ဆုံး...ထိုင်းက Conic ကိုသုံးရင်တောင်...လမ်းတမ်းမှောက်မှုမရှိနိုင်ဘူး......လမ်းဘေးမှာ.... ရန်ကုန်-ပြည်လမ်းကို အတုယူခင်းသင့်တာတွေးသင့်တယ်.... ကုကိုပင် တွေက Bitumen ကို သက်တမ်းရှည်စေတယ်ဆိုတာ....ဘာလို့ ...လမ်းသုတေသီတွေမသိပါလိမ့် ...ငါလိုလူပိန်းတောင်...လမ်းအကြောင်းသိတယ်.....။.....Bitumen ဈေးက တစည် ၇၀၀၀၀၀ ကျပ်ဆိုတော့...ကွန်ကရစ်ဘဲသက်သာတယ်....ကွန်ကရစ်သုံးလို့ သာ....အမြန်လမ်းမဖြစ်ရတယ်...နောက်လမ်းမှာ...သံတွေတောင်...တချို့ နေရာမှာထိုးထွက်နေတယ်...တခါကပြောဘူးလို့ ..... သံစတွေကို ဖြတ်ထုတ်တယ်..ဆိုတာဘဲသိတယ်...အော်....နာနာ ဘာဝတွေရယ်...ခြေရာဘဲထားခဲ့ လား...... လမ်းပြင်ရမဲ့ ဆိုတဲ့ အတိတ်စိမ်းလေးထားခဲ့ ပါလားကွယ်........

အောက်ကသတင်းလေးဖတ်ကြည့်ပါဗျာ...နာနာဘာဝတွေက ဖိနပ်မစီးကြဘူးထင်တယ်..ဖိနပ်ရာမတွေ့ ဘူး

Shwe Eaim Si
------------------------------------------

အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၁၆ တွင် အကျွတ် အလွတ်ပွဲ ပြုလုပ်ခဲ့ရာ ပရလောက သားတို့၏ ခြေရာများ တွေ့ ရှိ
---------------------------
Tuesday, May 13, 2014

ယာဉ်တိမ်းမှောက်မှု များကြောင့် သေဆုံးသွား သူများအား ရည်စူး၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၁၆ တွင် သဲပုံစေတီတည်ထား ကိုးကွယ်ပြီး မေ ၁၀-ရက်နေ့က အကျွတ်အလွတ်ပွဲ ဆုတောင်းပွဲ ပြုလုပ်ခဲ့ ရာတွင် နာနာဘာဝ(ပရလောကသား) တို့၏ ခြေရာများ တွေ့ရှိခဲ့ရသည်။

“မေ ၁၀-ရက်နေ့ညပိုင်းမှာ တောစောင့်နတ်၊တောင်စောင့်နတ်တွေကို ပင့်ဖိတ်ပြီး၊ မကျွတ်မလွတ်သေးတဲ့ပရ လောကသားတွေအတွက် ကောင်း မှုတွေ သာဓုခေါ်နိုင်အောင် ဒါနပွဲလုပ်ခဲ့တယ်။ သဲပုံစေတီတည်ထားပြီး သူတို့ အတွက်နေရာထိုင်ခင်းနဲ့ အစားအသောက်တွေ ချပေးထားတာပါ။ ခင်းထား တဲ့သဲပြင်ပေါ် ည ၁၂-နာရီ လောက်ရောက်ချိန် ဓါတ်မီးထိုးကြည့်လိုက်တော့ ကလေး နဲ့လူကြီးခြေရာတွေ တွေ့ရတယ်။ မန်းမြို့တော်ခရီးသည်တင် ကားမှောက်တုန်းက သေဆုံးခဲ့တဲ့လူကြီးတွေထဲမှာ ကလေးတစ်ယောက်လဲ ပါခဲ့တာ။ညျေမှာင်ကတည်းက အဲဒီသဲခင်းနေရာကိုဘယ်သူမှမ၀င်ရဘဲနဲ့ ခြေ ရာတွေ အများကြိးတွေ့ခဲ့ရတာပဲ။"လိုက်ပါသွားသူ သတင်းထောက် တစ်ယောက် က အံ့သြစွာပြောပြသည်။

အဆိုပါအကျွတ်အလွတ်ပွဲကိုမန္တလေးမှ သတင်းထောက် ၇-ဦးလိုက်ပါသွား၍ မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ပြီး၊ မန္တလေးမြို့၊ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၊ကလျာ ဏမိတ္တ လူမှုကူညီရေး အသင်း၊ချမ်းမြသစ္စာ လူမှုကူညီရေးအသင်း၊ဖြူးမြို့ လူမှုကူညီရေးအသင်းတို့နှင်အတူ အလှုရှင် ဒေါက်တာ မိုးမိုးခိုင်(မိုးပုလဲ-တိုင်းရင်းဆေးမိသားစု)တို့ကမတည်ကာ ၇-ရက်သားသမီးများကုသိုလ်ဖြစ် ပထမဆုံးပြုလုပ် ခြင်းဖြစ်သည်ဟုဆိုသည်။

“အဲဒီနေရာအနီးမှာကြီးကြီးမားမားယာဉ်တိမ်းမန်းမြို့တော်နဲ့ တောင် ပြာတန်းခရီးသည်ယာဉ် နှစ်စီးပါ။ကျွန်တ်ာတို့ အသင်းက တောင်ပြာတန်းကား မီးလောင်တုန်းက သိသိချင်းသွားပြီးကူညီကြတာ၊ မီးလောင်တဲ့အပူရှိန်ကြောင့် သေဆုံးသူတွေကို ဆွဲမထုတ်နိုင် ခဲ့ပေ မယ့် ဒဏ်ရာရသူတွေကို တော့ အချိန်မီ ကယ်နိုင်ခဲ့ပါတယ်။သေဆုံးသူပေါင်း ၂၀ လောက်ရှိသွားပြီ။သူတို့ အတွက်ကောင်းရာမွန်ရာ ရောက်အောင် ကုသိုလ်ပြု အမျှဝေပေးတာပါ။” ဖြူးမြို့မှ လူမှုကူညီရေးအသင်းမှ ပြောသည်။

အမြန်လမ်းမကြီးစတင်ဖွင့်စဉ်ကစ၍ ယာဉ်မတော်တဆမှု ၂၅၉-မှုဖြစ်ပွားခဲ့ရာ လိုက်ထရပ် ယာဉ် အများဆုံးဖြစ်၍ ခရီးသွားမှန်လုံ ယာဉ်များက ဒုတိယ အများဆုံး ၊ကျန်ယာဉ်များမှာ ကိုယ်ပိုင်ယာဉ်များသာဖြစ်ကြောင်း၊ယင်းလမ်းမ ကြီးကို ဖြတ်သန်းမောင်းနှင်သော ယာဉ်အစီးရေမှာ ယခင်နှစ်က၅၀၀၀ ကျော်ရှိရာမှ ယခုနှစ်တွင် တစ်သောင်းကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

အောင်သန့်ခိုင်
Mandalay News Agency

အမြန်လမ်းမကြီး၊မိုင်တိုင် ၁၁၆ တွင် အကျွတ်အလွတ်ပွဲပြုလုပ်ခဲ့ရာ ပရလောကသားတို့၏ ခြေရာများတွေ့ ရှိစဉ်

Maung Koko

Aye Chan Mon# Credit To :Shwe Eaim Si & Maung Koko
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
36

Post a Comment

 
Top