0
မောင်ပြောတော့
သူက အပျော်ရည်းစားတဲ့လား....

ဟင့်အင်း မောင်
ကျွန်မ လက်ခံလို့မရဘူး......

အပျော်ချစ်ခံခဲ့ရတဲ့ သူက
တကယ်ချစ်မိခဲ့ရင် မိန်းကလေးမို့ သူပဲ နစ်နာရမယ်....
အပျော်သဘောထားတဲ့မောင်က
ရည်းစားများတယ်လို့ ပတ်ဝန်းကျင်မှာ အမြင် မှားရမယ်.....
မောင့်ချစ်သူ ကျွန်မကတော့
ဖောက်ပြန်မှုတွေနဲ့ချစ်သူကို နားလည်ပေးဖို့ နာကျင်ရမယ်.....

မောင် သာယာတဲ့ တဒင်္ဂ အပျော်ဆိုတာက
ကျွန်မတို့ဘ၀မှာ ဆိုးရွားတဲ့ပုံရိပ်စစ် တစ်ခုဖြစ်စေနိုင်တယ်လေ....

မောင့်ကို လက်လွှတ်မပေးနိုင်တဲ့ ကျွန်မလည်း
စိတ်မချခြင်းတွေနဲ့ လည်ပင်းဖက်ပေါင်းရလို့
အကြိမ်ကြိမ် အခါခါ သံသယတွေနဲ့ ကြီးပြင်းရလိမ့်မယ်.....

သစ္စာမဲ့ခြင်းတွေနဲ့ ကင်ပွန်းတပ်ထားလို့
မောင်လည်း ပြီးပြည့်စုံတဲ့ အချစ်တစ်ခုကို ဖန်တီးဖို့
နောင်တတွေနဲ့ ရင်းနှီးရလိမ့်မယ်.....

သူကလည်း
အပျော်တမ်း ကစားခြင်း တွေနဲ့ ဆုံစည်းခဲ့လို့
မောင့်အပေါ် အမုန်းမှတ်တမ်းတွေပဲ ရေးထိုးရလိမ့်မယ်....

ကဲ...မောင်ပြောတဲ့ အပျော်ဆိုတာ
ဘယ်သူတွေကများ ပျော်ခဲ့ရလို့လဲ
ဘယ်လိုအရာတွေများ အကျိုးရှိသွားစေလို့လဲမောင်ရယ်....

မောင်ဖတ်ဖို့

-------

Aye Chan Mon# Credit To :ပျိုမေတို့သိစေဖို့
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top