Author: အေးသူစံ
နှစ်ပေါင်းခြောက်ဆယ် အတွင်း တပ်မတော်က ပထမဆုံး အကြိမ် ပြန်လည်ခေါ်ယူသည့် အမျိုးသမီးတပ်ကြပ်ကြီးစာရေး ရာထူးလျှောက်ထားသူများ အနက် အရည်အချင်းပြည့်မီသူ ၁၅၀ဦးကို အပြီးသတ်ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းမှ လျှောက် ထားသူ ၄၀၀ ကျော်အနက် ၃၆ ဦးရွေးချယ်ခံရပြီး ကျန်ပြည်နယ် နှင့်တိုင်းအသီးသီးမှ ၁၁၄ ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ရန်ကုန်တိုင်းက အရင် ၃၉ ဦးရွေးထားတာ အရည်အချင်း သိပ်မပြည့်မီတာနဲ့ နောက်ထပ် ခုနစ်ဦးထပ်ရွေးရတယ်။ အားလုံး ထဲကမှ ပြန်ရွေးတော့ ၃၆ ဦးရ တယ်။ ပထမတုန်းကရွေးထား တာတွေက အရည်အချင်းသိပ် မပြည့်မီချင်ဘူး။ အခု ၁၅၀ ကို လည်း စစ်ကြောရေးရောက်ရင် ပြန်ရွေးဦးမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။
ရွေးချယ်ခံရသူအများစုမှာ ပညာအရည်အချင်းတက္ကသိုလ် ၀င်တန်းအောင်များဖြစ်ပြီး အသက် (၁၆)နှစ်မှ (၁၉)နှစ်ဟု ကန့်သတ်ထားသဖြင့် အသက်(၁၉)နှစ်ပြည့်မီသည့် ဘွဲ့ရအမျိုးသမီးအချို့လည်း အရွေးခံရကြောင်း သိရ သည်။
‘‘ဆယ်တန်းအမှတ်စာရင်း ကိုကြည့်ပြီး ရွေးတာလည်းမဟုတ် ပါဘူး။ တချို့အမှတ်ပေါင်း ၄၀၀ ကျော်ပေမယ့် မပါဘူး။ ၃၈၀ မှတ် နဲ့ ရွေးခံရတဲ့သူတွေလည်းပါ တယ်။ ဘာကိုကြည့်ပြီးရွေးလဲဆို တာတော့ မသိရသေးဘူး’’ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။
ရွေးချယ်ခံရသည့် အမျိုး သမီးတပ်ကြပ်ကြီးစာရေးများ သည် မေလ ၁၈ ရက်နောက်ဆုံး ထား၍ လှိုင်မြို့နယ်ရှိ အောင် သပြေစစ်ကြောတည်းခိုရိပ်သာ သို့ သတင်းပို့ရမည်ဖြစ်သည်။ တပ်မတော်မှ အမျိုးသမီး ဗိုလ်လောင်း ၁၁၁ ဦးကို ယခုနှစ် ဆန်းပိုင်းတွင် ရွေးချယ်ခဲ့ပြီး နောက် ဒုတိယမြောက်အမျိုး သမီးတပ်ကြပ်စာရေးရာထူးများ ကို အသက်(၁၆)နှစ်ပြည့်ပြီး တက္ကသိုလ်ဝင်တန်းအောင်အမျိုး သမီးများလျှောက်ထားရန် ထပ်မံ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
Aye Chan Mon# Credit To :http://7daydaily.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment