ဒါကာ မေ ၁၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မင်ဟာမြစ်အတွင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ကူးတို့ယာဉ်တစ်စင်းနစ်မြုပ်ခဲ့ရာ သေဆုံးသူဦးရေ ၂၂ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
မီးသတ်တပ်ဖွဲ့၊ ရေကြောင်းနှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့မှ ရေငုပ်သမားများသည် နစ်မြုပ်နေ သော ကူးတို့အတွင်းရှိ အလောင်းများကို ဆယ်ယူခဲ့ပြီး ၎င်းကူးတို့ယာဉ်ကို ကယ်ဆယ်ရေးသင်္ဘောဖြင့် ကမ်းပေါ်သို့ဆွဲတင်ခဲ့ကြသည်။
ခရီးသည် ၂ဝဝ ကို တင်ဆောင်လာသော Mirage-4 ကူးတို့ယာဉ်သည် Shariatpur ခရိုင်တောင်ပိုင်း မြို့တော်မှ ထွက်ခွာလာစဉ် မုန်တိုင်းတိုက် ခတ်မှုကြောင့်နစ်မြုပ်ခဲ့ရခြင်းဖြစ်ပြီး ပျောက်ဆုံးသူအများအပြားရှိနေသေး
ကြောင်း မီးသတ်တပ်ဖွဲ့အရာရ Nurul Islam Dulal က ဆင်ဟွာသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။
မင်ဟာမြစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရေစီးသန်သောမြစ်များ အနက် တစ်စင်းဖြစ်ရာ ကယ်ဆယ်ရေးသင်္ဘော Prottoy သည် ပေ ၅ဝ အနက်သို့ ရောက်ရှိနေသော ၎င်းကူးတို့ယာဉ်ကို ကမ်းပေါ်သို့ ခက်ခက်ခဲခဲ ဆွဲတင်ခဲ့ရသည်ဟု ဆိုသည်။ Mirage-4 ကူးတို့ယာဉ်သည် ယခင်ကလည်း ယခုကဲ့သို့ မတော်တဆမှုနှစ်ကြိမ်ဖြစ်ခဲ့ဖူးကြောင်း ၎င်းကပြောသည်။ (ဆင်ဟွာ)
Aye Chan Mon# Credit To :The Mirror Daily
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment