0


ACM Re-Post 31-5-2014
Written by: ဝေယံဖြိုးဦး၊ ငြိမ်းဇော်လင်း

နိုင်ငံသားအမည်ခံနိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမျိုားပြားလာခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာပိုင်းမှ ပါဝင်ပတ်သက်မှုများ ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းရှိန်က ပြောကြားသည်။

မေ ၃၀ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို မေးမြန်း သည့်မေးခွန်းကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သူရဦးအောင်ကိုက နိုင်ငံသားအမည် ခံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ယခင်အစိုးရ လက်ထက်ကပင်ရှိနေခဲ့ပြီး ယခု အစိုးရလက်ထက်တွင် ပိုမိုများပြားလာကြောင်း၊ ထိုသို့ လုပ်ဆောင်သော နိုင်ငံခြားသားများမှာ အာရှတိုက်မှအများဆုံးဖြစ်ပြီး ဥရောပတိုက် နိုင်ငံအချို့မှလည်းပါဝင်နေကြောင်း၊ နိုင်ငံ သားအမည်ခံပေးသူအများစုသည် မြန်မာ အမျိုးသမီးများဖြစ်ကြပြီး လက်မထပ်ဘဲ အတူနေခြင်း (Living Together) များဖြစ်ကြကြောင်း၊ ထိုသို့ အမည်ခံစီးပွားရေးလုပ်ငန်း များတိုးပွားလာရခြင်းသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ၀န် ကြီးဌာနတွင် လာဘ်ပေးလာဘ်ယူအကျင့် ပျက်မှုများရှိနေသေးခြင်း၊ ဌာနဆိုင်ရာလုပ် ထုံးလုပ်နည်းများ အားနည်းနေခြင်းနှင့် တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ကွပ်ကဲမှုအား နည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် လုပ်ဆောင်နေသော မြန်မာနိုင်ငံသားအမည် ခံနိုင်ငံခြားသားများကို ဖော်ထုတ်အရေးယူ ပေးပါရန်၊ ပါဝင်ပတ်သက်နေသော တာဝန်ရှိ သူများကို အရေးယူရန်နှင့်အလားတူကိစ္စများ ထပ်မံမဖြစ်ပွားစေရေး စီမံကြီးကြပ်ပေးရန်ရှိ၊ မရှိသိရှိလိုကြောင်း မေးခွန်းမေးမြန်းခဲ့သည်။

၎င်းကိစ္စများနှင့်ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြန်လည်ဖြေကြားရာတွင် နိုင်ငံသား အမည်ခံနိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများကို တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိစေရေးအတွက် ကော်မရှင်က ၂၀၁၂ ခုနှစ် တွင် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ကာ အမည်ခံလုပ်ငန်းများကို တရားဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဖြစ် ပြောင်းလဲ ခွင့်ပေးခဲ့ရာလုပ်ငန်းပေါင်း ၂၉ ခု ပြောင်းလဲလာကြောင်း၊ သို့သော်အချို့လုပ်ငန်းများသည် နိုင်ငံသားအမည်ခံ၍ ဆက်လက်ဆောင်ရွက် နေဆဲဖြစ်ကြောင်း၊ နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နှံမှုများသည် အထည်ချုပ်လုပ် ငန်းများတွင်အများအပြားရှိမည်ဟု သုံးသပ်ရ ကြောင်း၊ ထို့ကြောင့် အထည်ချုပ်လုပ်ငန်း များအား စစ်ဆေးခဲ့ရာ သံသယဖြစ်ဖွယ်ရှိ သည့်လုပ်ငန်း ၁၂ ခုခန့်ကို စိစစ်တွေ့ရှိရ ကြောင်း၊ ၎င်းင်းတို့အား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခေါ်ယူကာ သတိပေးပြောင်းလဲ စေခဲ့သည့်အတွက် အထည်ချုပ်လုပ်ငန်း ငါး ခုတရားဝင်ပြောင်းလဲလာကြောင်း ပြော ကြားသည်။

ဆက်လက်၍ ၎င်းက “နိုင်ငံသားအမည် ခံစီးပွားရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာ အပိုင်းမှ တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုများနှင့် ပတ်သက်၍ သတင်းရရှိခြင်း၊ သိရှိရခြင်းရှိပါက ဖော်ထုတ်အကြောင်းကြားပေး ရန်လိုကြောင်း၊ ဖော်ထုတ်နိုင်ပါက ဥပဒေအရေ အရေးယူဆောင်ရွက်သွားမည်” ဟု ဦးဝင်းရှိန်က ပြောကြားသည်။

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top