ကသာခရိုင် အင်းတော်မြို့မ ရဲစခန်းအရှေ့ဘက် ၆မိုင်အကွာရှိ ရွှေစကားဝါစားသောက်ဆိုင်တွင် စစ်သားတစ်ဦးက ရဲတပ်ကြပ်ကြီးတစ်ဦးအားသေနတ်ဖြင့် ပစ်သတ်သဖြင့်
သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ (၅-၅၊၂၀၁၄)ရက်နေ့၊ နေ့လည် ၀၂း၃၀ နာရီအချိန်တွင် ဒုရဲအုပ်အောင်နိုင်မြင့်သည် နဘားရဲကင်းစခန်းမှူးတာဝန်ထမ်း
ရွက်နေစဉ် နဘားကျေးရွာ ဓာတ်အားခွဲရုံ၌ တာဝန်ချထားသော ရဲတပ်ကြပ်ကြီး ကွီခွီးရှိန်သည် ဓာတ်အားခွဲရုံမြောက်ဖက် တစ်မိုင်ခန့်အကွာရွှေဘို၊မန္တလေး ကားလမ်းမိုင်တိုင်အမှတ် (၁၄၇/၂)အနီးရှိ
ရွှေစကားဝါစားသောက်ဆိုင်သို့ နမ့်မကြိုင်းရွာသားမြင့်ငွေ၊မြင့်လှိုင်၊မောင်အေးနှင့် ပင့်တင်ရွာမှကျော်အေးတို့နှင့်အတူ သွား
ရောက်ခဲ့ပြီး နယ်မြေသတင်းစုံစမ်းနေစဉ် အင်းတော်မြို့နယ်၊နဘားကြီးရွာတွင်လုံခြုံတာဝန်ကျနေသော ဖျာပုံခလရ(၉၈)တပ်မှ
ဒုတပ်ကြပ်စန်းနိုင်ဆိုသူက ဆိုင်ထဲသို့အရပ်ဝတ်ဖြင့်ဝင်လာပြီး “ငါ့တပည့်ကိုမင်းဘာ ပြောသလဲ၊ ငါ့တပည့်ကိုမင်းဘာပြောတာလဲ”ဟုမေးရာ ရဲတပ်ကြပ်ကြီးကီခွီးရှိန်မှ ဘာမှမပြောဘူးဟု ပြန်ပြောစဉ်ဒုတပ်ကြပ်စန်းနိုင်မှ အသင့်လွယ်လာသော MA-3သေနတ်ကို မောင်းတင်ပြီးပစ်ခတ်ခဲ့သဖြင့် ဝဲဘက်ရင်အုံသေနတ်မှန်ပြီး အခင်းဖြစ်ရာတွင်သေဆုံး
သွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်ပါတ်သက်၍သေနတ်ဖြင့်ပစ်ခဲ့သူ တ/၇၇၉၁၆ဒုတပ်ကြပ်စန်းနိုင်၊ ခလရ
၉၈၊ ဖျာပုံမြို့အားဒုရဲအုပ်အောင်နိုင်မြင့်မှ တရားလိုပြုလုပ်တိုင်ကြားခဲ့ရာ အင်းတော်မြို့မရဲစခန်း(ပ)၄၈/၂၀၁၄ ပြစ်မှု ၃၀၂ အရ အမှု
ဖွင့်ပြီး စခန်းမှူးဒုရဲမှူးမျိုးညွန့်သန်းမှ စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
အေးလွင်(ကသာ)
Aye Chan Mon# Credit To : News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment