0


ရန်ကုန်၊ မေ ၆

၅.၅.၂၀၁၄ရက်နေ့ ၀၈၃၀အချိန်တွင် ကွမ်းခြံကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များသည် ကွမ်းခြံကုန်းမြို့နယ်၊ ကမာကလွန်ကျေးရွာ၌အမျိုးသမီးတစ်ဦး
ကိုယ်ဝန်ပျက်ကျ၍ သေဆုံးကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ မခင်သန်းနု (၄၁)နှစ်ဖြစ်ပြီး ပြင်ပဒဏ်ရာမရှိဘဲသေဆုံးနေ
သည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူတွင်ကိုယ်ဝန်(၅)လခန့်ရှိပြီဖြစ်ကြောင်း၊ ၄.၅.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန် ခန့်က နေအိမ်နောက်ဖေးရှိ (၄)ပေခန့်
မြင့်သောရေကပြင်ပေါ်မှပြုတ်ကျခဲ့သဖြင့် ကိုယ်ဝန်ပျက်ကျခဲ့ပြီး ၂၃၅၅ အချိန်
တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ကွမ်းခြံကုန်းမြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် (၄/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Aye Chan Mon# Credit To : Yangon Police
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top