ရန်ကုန်၊ မေ ၅
ထိုင်းနိုင်ငံမြောက်ပိုင်းကို ဗဟိုပြု၍ ရစ်ချက်စတာစကေး၆.၀ ရှိသည့် ငလျင်တစ်ခုယနေ့ညနေ ၅နာရီ ၃၈မိနစ် ၄၃စက္ကန့်တွင် လှုပ်ခတ်သွား
ကြောင်းမိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကပြော
သည်။
အဆိုပါလှုပ်ခတ်မှုမှာ ပြင်းထန်သည့်အတိုင်းအတာတစ်ခုဖြစ်ပြီး ယင်း
အတွက်ထိုင်းနိုင်ငံနှင့်အနီးအနားရှိနိုင်ငံများထံသို့ ယင်းငလျင် ဂယက်
သက်ရောက်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က အမေရိကန်
နိုင်ငံ၏ထုတ်ပြန်ပြောကြားချက်အရကိုးကား၍ ပေါ်ပြူလာနယူးစ်
သို့ဖြေကြားသည်။
ယနေ့ ညနေ ၅ နာရီ ၄၀ ဝန်းကျင်ခန့်က ရန်ကုန်မြို့နှင့် အနီးတဝိုက်မှာ အင်အား ရစ်ခ်ျတာ စကေး ၅.၈ ရှိသည့် ငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးး ဦးချစ်
ကျော်က ဘီဘီစီသို့ ပြောကြားခဲ့သည်။
တာချီလိတ်မြို့တွင်လည်းလှုပ်ခတ်သွားကြောင်း မြို့ခံတစ်ဦးကဆိုသည်။
သုတလင်း
Aye Chan Mon# Credit To :Popular Myanmar News Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment