0

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနက်ဖြန် စတင်ကျင်းပမယ့် ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ သီးသန့်ဆွေးနွေးပွဲကို တက်ရောက်ဖို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ ဗိုလ်ချုပ်ဂွမ်မော် ခေါင်းဆောင်တဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေ ဟာ မြစ်ကြီးနားမြို့ကို ဒီနေ့ရောက်ရှိလာကြပါတယ်။

မနက်ဖြန် ဆွေးနွေးပွဲကို ကုလသမဂ္ဂ ကိုယ်စားလှယ်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေလည်း လေ့လာသူအဖြစ် တက်ရောက်ကြမယ်လို့ ကိုယ်စားလှယ်အဖွဲ့ကို သွားရောက်ကြိုဆိုခဲ့တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့ဝင် ဦးဆန်းအောင်က အခုလိုပြောပါတယ်။

"ဗိုလ်ချုပ် ဂွမ်မော်နဲ့ အရင် ကေအိုင်အိုဆွေးနွေးတဲ့ ကော်မတီ အားလုံးပါပါ တယ် ၊ကုလသမဂ္ဂ မစ္စစ်မာရီယန်က လာရောက်ကြိုဆိုပါတယ်ခင်ဗျ ၊ဆွေးနွေးပွဲက အရင်မနှစ်က မေနဲ့ အောက်တိုဘာကြားထဲမှာ သဘောတူထားတဲ့ အချက် ၇ ချက်ထဲက အကောင်အထည်မဖော်နိုင်တဲ့ အချက်တွေကို ဆွေးနွေးကြမယ်လို့ ကျနော်သိရပါတယ်"

မနေ့က မြစ်ကြီးနားမြို့ကိုရောက်ရှိခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌတွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ဟာ ကချင်ပြည်နယ်က နိုင်ငံရေးပါတီ ၁၀ပါတီ က ခေါင်းဆောင်တွေနဲ့လည်း ဒီနေ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လီဆူ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဆီဖာလာလူးက အခုလိုပြောပါတယ်။

"အဓိကကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိစ္စတွေကိုပြောကြတယ် ၊ငြိမ်းချမ်းရေးကို သိပ်လိုလားတယ်၊အောက်ခြေမှာဖြစ်နေတာကို ကျနော်တို့ကတင်ပြချင်တယ်၊လူသစ်စုဆောင်း ကိစ္စတို့ ကျနော်တို့ တင်ပြတာပေါ့ဗျာ၊ အဲ့ဒါလည်း သူတို့မနက်ကဆွေနွေးတဲ့ အခါ ဆွေးနွေးပေးပါကိစ္စလေးတွေ တင်ပြခွင့်ရတဲ့အတွက် ကျနော်တို့ ပါတီတွေအတွက်လည်းဒါ အခွင့်ထူးလို့ပဲသက်မှတ်လို့ရပါတယ်"

ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဟာ မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့ သီးသန့်တွေ့ ဆုံခဲ့သလို ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်း ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Aye Chan Mon# Credit To :RFA Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top