သီဟလွင်-ပြည် (မြစ်မခ) ၊ ပြည်၊
ပဲခူးတိုင်းအနောက်ပိုင်း သဲကုန်းမြို့တွင် ဗကသကျောင်းသား အရိုက်ခံရမှု အပါအဝင် ဆန္ဒပြလယ်သမားများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များမှ မေ ၁၈ ရက်က ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲမှာ အခြေအမြစ်မရှိ ဘဲ တစ်ဖက်သတ် စွပ်စွဲပြောဆိုချက်များသာ ဖြစ်သည်ဟု ဗကသကျောင်းသားများက တုံ့ပြန် ပြောကြားလိုက်သည်။
အဆိုပါရှင်းလင်းပွဲကို သဲကုန်းမြို့နယ် မန် ကျီးပင်ကျေးရွာရှိ(အမက) စာသင်ကျောင်းတွင် ရဲတပ်ဖွဲ့က ရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ
''သူတို့ ရှင်းလင်းခဲ့တာတွေက ကွဲလွဲနေ လို့ ကျွန်တော်တို့က မေးတော့ မေးခွင့်မရှိဘူး လို့ပြောတယ်။ ကျွန်တော်တို့တွေတင် မေးလို့ မဟုတ်ဘူး။ သတင်းထောက်တွေကိုလဲ မေးခွင့် မပေးဘဲ တစ်ဖက်သတ်ကြီးလုပ်သွားတာ''ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအ ဖွဲ့ချုပ် ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကပြောသည်။
မေ ၁၄ ရက်တွင် သပိတ်စခန်းအင်အား သုံးဖြိုခွင်းခံရမှု သုံးလပြည့် အထိမ်းအမှတ်အ ဖြစ် ဆန္ဒပြခဲ့ကြပြီး အပြန်၌ သဲကုန်းမြို့နယ်ရဲ တပ်ဖွဲ့ဝင်တချို့က ဆန္ဒပြခဲ့သူများကို အင်အား သုံးတားဆီးခဲ့ရာ ဗကသကျောင်းသား ကိုကောင်း ထက်ကျော်၌ နဖူးကွဲဒဏ်ရာရရှိခဲ့ကြောင်း၊ ဆန္ဒ ပြရာတွင် ပါဝင်သူ ဒေါ်ညိုနှင့်ကိုမောင်ဝင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပုဒ်မ-၅ဝ၅(ခ)ဖြင့် တရားစွဲဆိုကာ ပေါင်းတည်အကျဉ်းထောင် ၌ ထိန်းသိမ်းထားကြောင်း သိရှိရသည်။
''အဲဒီနေ့ဖြစ်စဉ်မှာ ကျွန်တော်တို့ အကြမ်း ဖက်တာမျိုး မလုပ်ခဲ့ပါဘူး။ ကိုကောင်းထက် ကျော် ဒဏ်ရာရတာက မီဒီယာတွေမှာ ဖော်ပြ နေသလိုမျိုး ရဲကရိုက်လို့ ရတာမဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က သူ့ကိုဖမ်းလိုက်တော့ လယ်သမားတွေက ဝိုင်းဆွဲရင်းနဲ့လဲသွားပြီး မြေ ပြင်နဲ့ထိကာ နဖူးပေါက်သွားတာပါ။ ဒါကို ကျေး ရွာအုပ်ချုပ်ရေးမှူးလဲ မြင်ပါတယ်''ဟု သဲကုန်း မြို့နယ် ဒုရဲမှူးဦးဇော်အောင်က ပြောသည်။
အဆိုပါ ဆန္ဒပြလယ်သမားနှစ်ဦးကို ဖမ်း ဆီးအရေးယူခြင်းမှာ တရားဥပဒေအတိုင်းသာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲများက ရိုက်နှက်ခဲ့ခြင်း၊ အကြမ်းဖက်ခဲ့ခြင်းများ မရှိခဲ့ကြောင်း ရဲတပ် ဖွဲ့ဝင်များ၏ သတင်းစာရှင်းလင်းပွဲတွင် သဲကုန်း မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမောင်မောင်ဦးက ပြော ကြားခဲ့သည်။
''အဲဒီပွဲက သူတို့ကောင်းတာတွေပဲ ပြော သွားတာ။ သူတို့ မကောင်းတာတွေကျတော့ မပြောဘူး။ ဘယ်သူ့ကိုမှလဲ မေးခွင့်မပေးဘူး။ အဲဒါနဲ့ပဲ သူတို့ပွဲအပြီးမှာ သတင်းထောက်တွေ ကိုခေါ်ပြီး သပိတ်စခန်းဖွင့်ထားတဲ့ အောင်ကုန်း ရွာမှာ သတင်းစာရှင်းလင်းပွဲ တစ်ခါပြန်လုပ် လိုက်တယ်''ဟု သဲကုန်းမြို့နယ်နေ ဦးဝမ်းဇော် ကပြောသည်။
စစ်တပ်နှင့်လယ်ယာ လက္ကားသမဝါယမ အသင်းတို့မှ သိမ်းဆည်းထားသော လယ်ယာ မြေ ဧကတစ်ထောင်ကျော် ပြန်လည်ရရှိလိုသော ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်မှ စတင်ကာ သဲကုန်းမြို့ပေါ်၌ အမြဲတမ်း သပိတ်စခန်းဖွင့် တောင်း ဆိုခဲ့သော်လည်း လေးရက်မြောက်နေ့ တွင် သက်ဆိုင်ရာအာဏာပိုင်တို့မှ အင်အား သုံး ဖြိုခွင်းခြင်းခံခဲ့ကြရာ အောင်ကုန်းကျေးရွာ ၌ ယာယီသပိတ်စခန်းကို ထပ်မံဖွင့်လှစ်ခဲ့သည် ဟု သိရသည်။
အောင်ကုန်းကျေးရွာ၌ ယာယီသပိတ်စ ခန်းဖွင့်လှစ်ကာ လယ်ယာမြေပြန်လည် ရရှိရေး အတွက် နေ့စဉ်တောင်းဆိုလျက်ရှိသော်လည်း
ACM Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment