ဘန်ကောက် မေ ၁၁
ထိုင်းရှပ်နီအုပ်စုများသည် ဘန်ကောက်မြို့အစွန် အဖျားဒေသများတွင် စုရုံးပြီး၎င်းတို့ထောက်ခံသည့် ဖေ့ထိုင်းပါတီမှ ဝန်ကြီးချုပ်ဟောင်းယင်လပ်ရှင် နာဝပ်ထရာကို ရာထူးမှဖယ်ရှားခဲ့သည့် အခြေခံ ဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ဆန္ဒပြမှုများ ပြုလုပ်နေသည့်အပြင် ထိုင်းအထက် လွှတ်တော်နှင့် တရားစီရင်ရေးစနစ်တို့ကို ဝေဖန်မှု များပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ယနေ့ဖော်ပြသည်။
ထိုင်းနိုင်ငံကျေးလက်ဒေသများတွင် နေထိုင်သူ များဖြစ်သော ရှပ်နီအုပ်စုဝင်များသည် ၂ဝဝ၁ ခုနှစ် နောက်ပိုင်းကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် ၄င်းတို့ထောက်ခံသည့် ရှင်နာဝပ်ထရာမိသားစု ဦးဆောင်သော ဖေ့ထိုင်းပါတီမှ အနိုင်ရခဲ့ခြင်းကို အဆုံးသတ်ရန် ရှပ်ဝါအုပ်စုများက ဒီမိုကရေစီနည်း လမ်းနှင့် မညီညွတ်သော နိုင်ငံရေးစနစ်မျိုးဖန်တီး ရန်ကြိုးစားနေသည်ဟု သတ်မှတ်ကာဘန်ကောက် မြို့တွင် တန်ပြန်ဆန္ဒပြပွဲများ ဆင်နွှဲနေခြင်းဖြစ် သည်။ ယမန်နေ့က ရှပ်နီအုပ်စုများ၏ အထူးအစည်း အဝေးတစ်ရပ်ကျင်းပကာ အစိုးရအဖွဲ့နုတ်ထွက်ရန် ဖိအားပေးနေသော ရှပ်ဝါအုပ်စုများ၏ လုပ်ဆောင် ချက်များကို ကာကွယ်မှုပြုလုပ်နိုင်မည့် နည်းလမ်း များရှာဖွေခဲ့သည်ဟု သိရသည်။
ယနေ့တွင် ရှပ်နီ အုပ်စုများသည် ထိုင်းအထက်လွှတ်တော်နှင့် တရား စီရင်ရေးစနစ်မှ တာဝန်ရှိသူများပူးပေါင်းကာ ရွေး ချယ်လိုက်သည့် ဝန်ကြီးချုပ်သစ်နီဝပ်သမ်ရောင်ကို အလိုမရှိကြောင်းနှင့် ပြည်သူများ၏ ဆန္ဒဖြင့် ဝန်ကြီး ချုပ်ရာထူးရရှိခဲ့သော ယင်လပ်ရှင်နာဝပ်ထရာကို ရာထူးမှ ဖယ်ရှားခဲ့သည့် အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဘန်ကောက်မြို့အစွန်အဖျား ဒေသများတွင် စုရုံးနေသည့် ရှပ်နီအုပ်စုများသည် ရက်ပိုင်းအတွင်းမြို့လယ်ရှိ အချက်အချာကျသော နေရာများတွင် နေရာယူထားသည့် ရှပ်ဝါအုပ်စုများ နှင့်ထိပ်တိုက်တွေ့ဖွယ်ရှိနေသည်ဟု ထိုင်းမီဒီယာ များကဖော်ပြသည်။
ဘန်ကောက်မြို့ရှိ ထိုင်းဝန်ကြီးချုပ်ရုံးရှေ့တွင် စုရုံးဆန္ဒပြနေသော ရှပ်ဝါအုပ်စုများအနီးတွင် ပေါက် ကွဲမှုဖြစ်ပွားခဲ့၍ ရှပ်ဝါအုပ်စုဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ သည်ဟု ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က အတည်ပြု ချက်ထုတ်ပြန်ခဲ့သည်။ အမည်မသိလူတစ်ဦးက ရှပ်ဝါအုပ်စုများအတွင်းသို့ လက်ပစ်ဗုံးပစ်သွင်းခဲ့၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယခု ဖြစ်စဉ်မှာ မည်သည့်အဖွဲ့၏လက်ချက်ဖြစ်ကြောင်း
ဖော်ထုတ်နိုင်ခြင်းမရှိသေးသော်လည်း ဘန်ကောက် မြို့တွင် တင်းမာမှုများဆက်လက်ဖြစ်ပေါ်ဖွယ်ရှိ သည့်လက္ခဏာဖြစ်သည်ဟု ထိုင်းနိုင်ငံရေးကျွမ်းကျင် သူများက သုံးသပ်နေကြောင်း ရိုက်တာကဖော်ပြ သည်။ NG (Ref: Reuters)
Aye Chan Mon# Credit To :The Union Daily
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment