0


ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နည်းပြ ရွိုင်းဟော့ဒ်ဆန်ရွေးချယ်ခဲ့သော ပဏာမလက်ရွေးစင် အသင်းမှ ချန်လှပ်ခံခဲ့ရသော ချဲလ်ဆီးနောက်ခံလူ အက်ရှ်လေကိုးမှာ အင်္ဂလန် လက်ရွေးစင် ကစားသမားဘ၀မှ အနားယူကြောင်း ကြေညာလိုက်သည်။ အက်ရှ်လေကိုးလ်သည် ယခုရာသီတွင် ချဲလ်ဆီးအတွက် လိဂ်ပွဲစဉ်(၁၅)ပွဲသာ ပွဲထွက်ကစားခွင့် ရခဲ့ပြီး ကာဒစ်ဖ်ကို အနိုင်ခဲ့ရသည့် ရာသီသိမ်းပွဲစဉ်အပြီး တွစ်တာစာမျက်နှာမှတစ်ဆင့် နိုင်ငံလက်ရွေးစင် ကစားသမားဘ၀မှ အနားယူကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

(၂၀၀၁)ခုနှစ်က မတ်လက အယ်လ်ဘေးနီးယားနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် အင်္ဂလန်အသင်းအတွက် စတင်ပါဝင်ခွင့်ရခဲ့ပြီး လက်ရွေးစင်ပွဲ (၁၀၇)ပွဲ ကစားခဲ့သည့် အက်ရှ်လေကိုးလ်ကို ပဏာမလူစာရင်း မထုတ်ပြန်မီ နည်းပြ ရွိုင်းဟော့ဒ်ဆန်က ဖုန်းဖြင့် ဆက်သွယ်ကာ လူငယ်များကို အခွင့်အရေးပေးလိုသောကြောင့် ၎င်းအား ပဏာမလူစာရင်းတွင် ထည့်သွင်းမည်မဟုတ်ကြောင်း ပြောခဲ့ပြီး ၎င်းအနေဖြင့် နည်းပြ၏ ဆုံးဖြတ်ချက်ကို သဘောတူကြောင်း ဖွင့်ဟသွားသည်။ နည်းပြ ဟော့ဒ်ဆန်မှာ အက်ရှ်လေကိုးလ်၏နေရာတွင် အဲဗာတန် နောက်ခံလူ လေတန်ဘိန်းစ်၊ ဆောက်သမ်တန်နောက်ခံလူ လုခ်ရှောတို့ဖြင့် အစားထိုးသွားမည်ဟု သိရသည်။

@z (ရိုးရာလေး)

Aye Chan Mon# Credit To :YoYarLay
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top