0

No.368 Sunday, May 4,2014
Author: ရဲနောင်
Location: ရန်ကုန်

ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဂေဟာ သင် တန်းကျောင်းသို့ ရောက်ရှိလာ သည့် ကလေးငယ်များ၏ ထက်ဝက်နီးပါးမှာ မိဘနှစ်ပါးလုံးရှိ သူများဖြစ်ကြောင်း ယူနီဆက် မြန်မာမှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင်းရှိ မိဘမဲ့ ကလေးသူငယ်များနှင့်ပတ်သက် ၍ ယူနီဆက်မြန်မာက ကလေး သူငယ်ကာကွယ်စောင့်ရှောက် ရေးဂေဟာနှင့် သင်တန်းကျောင်း ၁၄၇ ခုရှိ ကလေးငယ်ပေါင်း ၁၂,၀၀၀ ကျော်၏ အခြေအနေကို စစ်တမ်းကောက်ယူခဲ့ရာတွင် ၅,၅၀၀ ခန့်မှာ မိဘနှစ်ပါးလုံး ရှိ သူများဖြစ်သည်ဟု ယူနီဆက်၏ မေလ ၂ ရက်တွင် ထုတ်ပြန်ခဲ့ သည့် စစ်တမ်းက ဖော်ပြခဲ့သည်။

ဆင်းရဲမွဲတေမှု၊ အိမ်တွင်း အကြမ်းဖက်မှုနှင့် အိမ်ထောင် ရေးပြဿနာများ၊ ပညာရေး မ ထောက်ပံ့နိုင်မှုတို့ကြောင့် မိဘ များရှိသော်လည်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဂေ ဟာများသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ကလေးငယ်များနှင့် မိဘ များ ကွဲကွာမှုကို ကာကွယ်ရန် လို အပ်နေကြောင်း ယူနီဆက်မြန်မာ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

‘‘ဒီမှာက မိဘမဲ့ရော၊ တ ကယ်လို့ မိဘတွေရှိတယ် အဆင် မပြေဘူး တကယ်လည်း လိုအပ် နေရင် ဂေဟာမှာ လက်ခံပေး တယ်။ မိဘရှိရဲ့နဲ့ ကလေးတွေ ခွဲခွာနေရတာကတော့ တကယ် ဆိုရင် မဖြစ်သင့်တဲ့ အရာပါ။ ဒါ ကြောင့် ဒီမှာ မိဘတွေ လာတွေ့ ချင်ရင် တွေ့နိုင်အောင် စီစဉ်ပေး ထားတယ်’’ ဟု ရန်ကုန်တိုင်း၊ မင်္ဂ လာဒုံမြို့နယ်ရှိ တိုင်းရင်းသားလူ ငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဦးမြင့်လှိုင် က ပြောသည်။

ကလေးငယ်များ မိဘနှင့် ကွဲကွာမှုကို ကာကွယ်ရန် ယူနီ ဆက်အနေဖြင့် ရပ်ရွာအခြေပြု ကလေးစောင့်ရှောက်ရေးစနစ်ကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူး ပေါင်း၍ မြို့နယ်ပေါင်း ၂၅ ခုတွင် စမ်းသပ်စီမံကိန်းများ လုပ်ဆောင် လျက်ရှိသည်။

ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဂေဟာနှင့် သင် တန်းကျောင်း ၁၄၇ ခုတွင် ၆၈ ခုကသာ မိသားစုနှင့် ပြန်လည် ပေါင်းစည်းခြင်းလုပ်ငန်းများကို ကြိုးစားဆောင်ရွက်နိုင်ကြောင်း ယူနီဆက်၏ စစ်တမ်း၌ ဖော်ပြ ထားသည်။

‘‘လမ်းပေါ်မှာ မိဘတွေရှိရဲ့ နဲ့ လေလွင့်နေတာတွေ အများ ကြီးရှိတယ်။ ဂေဟာကို ပို့မှာလား။ ဒါမှမဟုတ် သူတို့နဲ့သက်ဆိုင်တဲ့ မိသားစုကို၊ သူနေတဲ့ရပ်ရွာကို ဖွံ့ဖြိုးရေးတွေလုပ်ပေးမယ်။ က လေးသူငယ်အခွင့်အရေးတွေ လူ တိုင်းသိအောင်ဖြန့်ဝေနိုင်မယ် ဆို ရင် ပိုကောင်းမှာပါ။ အဲဒီအတွက် လည်း အားလုံးနဲ့ပေါင်းပြီး တတ် နိုင်သလောက် လုပ်နေတယ်’’ ဟု ရပ်ရွာအခြေပြု ကလေးသူငယ် စောင့်ရှောက်ရေးလုပ်ငန်း လုပ် ကိုင်နေသူ ကိုကျော်စွာက ပြော သည်။

ယူနီဆက်စစ်တမ်းအရ ဂေဟာနှင့် သင်တန်းကျောင်းများ ရှိ ကလေးများ၏ ၂၀ ရာခိုင်နှုန်း သာ မိဘများထံ သွားရောက် လည်ပတ်နိုင်ပြီး မိဘများလာ ရောက်တွေ့ဆုံနိုင်မှုမှာ ၁၂ ရာ ခိုင်နှုန်းသာရှိသည်။

ရွှေဂုံတိုင်ကလေးပြုစုရေးစင်တာမှ ကလေးငယ်များကို တွေ့ရစဉ် / ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

Aye Chan Mon# Credit To :7Day News Journal
https://www.facebook.com/excellencemedia

Post a Comment

 
Top